ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂ ခုနှစ် မွန်ပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဖလားထူးချွန်ဆုရ မြို့နယ်ဂုဏ်ဆောင်အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂ ခုနှစ် မွန်ပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဖလားထူးချွန်ဆုရ မြို့နယ်ဂုဏ်ဆောင်အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ





MNP ၊ ဇွန် ၃

၂၀၂၂ ခုနှစ် မွန်ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဖလား အားကစားပြိုင်ပွဲတွင် ထူးချွန်ဆုရ ကျိုက်ထိုမြို့နယ် ဂုဏ်ဆောင်အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန် ၃ ရက် နံနက် ၁၀ နာရီတွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဌဦးမျိုးမင်းစိုး က ယနေ့အားကစားကိုလိုက်စားနေသည့်လူငယ်များကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း အား ကစားနှင့်မြို့နယ်၏ဂုဏ်ကိုဖေါ်ဆောင်ခဲ့သည့်အတွက်ယနေ့တွင်ဂုဏ်ပြုပွဲကျင်းပ ရခြင်းဖြစ်ကြောင်းပြောကြားပြီး ၊စီမံအုပ်ချုပ်‌ ရေး အဖွဲ့ဝင် ဗိုလ်မှူးပြည်ထွန်း က ယနေ့အားကစားသမားများသည်နောင်အနာဂတ်တွင်နိုင်ငံ့ ဂုဏ်ဆောင် ခေါင်း ဆောင်များဖြစ်လာနိုင်ကြောင်း ကာယ ဉာဏ ဖွံ့ဖြိုး စေ ရန် မိမိကိုယ်ကိုယ် ဆက်လက်ပျိုးထောင်သွားဖို့လိုကြောင်းပြောကြားခဲ့သည်။

ယင်းနောက် ကြီးကြပ်သူနည်းပြများနှင့် အားကစားသမားများကိုဂုဏ်ပြုဆုချီးမြှင့်ရာ အမျိုးသားဘောလုံးပြိုင်ပွဲတွင်တတိယ ဆုရရှိခဲ့သည့်အားကစားအသင်းအားငွေ ကျပ်(၃၀၀၀၀ဝိ/-)ကိုလည်း‌ ကောင်း၊ ပိုက်ကျော်ခြင်း(၂)ယောက်တွဲကျားပြိုင်ပွဲတွင်ပထမဆုရရှိသည့် အသင်းအားငွေ ကျပ်(၂၀၀၀၀ဝိ/-)ကို လည်း‌ ကောင်း၊ပိုက်ကျော်ခြင်း(၃)ယောက်တွဲ( မ) ပြိုင်ပွဲတွင် ဒုတိယရရှိသည့်အသင်းအားငွေကျပ် (၁၀၀၀၀ဝိ/-)ကိုလည်း‌ ကောင်း၊အသင်းအုပ်ချုပ်သူနည်းပြအားငွေကျပ်(၁၅၀၀၀၀) တို့ ကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများမှချီးမြှင့်ပေးခဲ့ ကြောင်းသိရသည်။


သတင်း -   ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)