ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက် (၅) နှစ်မှ (၁၂) နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက် (၅) နှစ်မှ (၁၂) နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ



MNP - ဇွန်   ၉


မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ အခြေခံပညာကျောင်းများတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးလျက် ရှိကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်ရှိ အမှတ် (၂၀) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ အသက် (၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ (၃၂၈) ဦးအား ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အထောက်အကူပြုအဖွဲ့များက ကိုယ်အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန် ခြင်းများဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။


အလားတူ သင်ပန်းကုန်းရပ်ကွက်ရှိ အမှတ် (၂၄) အခြေခံပညာအထက်တန်း ကျောင်းခွဲနှင့် (ဂ) ရပ်ကွက်ရှိ အမှတ် (၂၉) အခြေခံပညာ အထက်တန်းကျောင်းခွဲတို့တွင်လည်း အသက်(၅)နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)