ပြည်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

 




MNP - ဇွန်   ၅


ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာတိုးပွားလာစေရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူတို့ကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်နှင့် သစ်တောသစ်ပင်စိုက်ပျိုးခြင်းဖြင့် ဂေဟစနစ်များ ပြန်လည်မြင့်တက်လာစေရန် ရည်ရွယ်၍ ပြည်မြို့ ရှေးဟောင်းသမိုင်းဝင်  အောင်မြင်ဗာဟုဘုရားအနီး၌ ယနေ့ နံနက် ၈ နာရီက ခရိုင်သစ်တောဦးစီးဌာနမှ ကြီးမှူးကာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။


အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရှေးဦးစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး ကြည်အေးနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့် တက်ရောက်လာကြသူများထံ ပျိုးပင်များပေးအပ်ပြီး ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မှော်ဇာကျေးရွာနှင့် မှုတ်ရှည်ကျေးရွာတို့မှ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ၊ ပြည်ခရိုင်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် အောင်မြင်ဗာဟုဘုရားဂေါပကအဖွဲ့ဝင်များ စုစုပေါင်းအင်အား ၃၅၀ ခန့်ဖြင့် ကျွန်း၊ ပိတောက်၊ ပျဉ်းကတိုး၊ မယ်ဇယ်၊ သပြေ၊ ငု၊ ဗံဒါ၊ ခရေ၊ ဩဇာနှင့် မဟာလှေကား  စသည့် သစ်ပင် (၁၀)မျိုး၊ ပျိုးပင်ပေါင်း ၅၅၀ အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။


သတင်း - ကိုဆက် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)