ကျောက်ဆည်မြို့နယ်တွင် မြို့ပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေး ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သား လမ်းပိုင်းအတွင်းရှိ ဒုံပေါက်ပျက်စီးနေသည့် လမ်းပိုင်(၂)နေရာအား ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် မြို့ပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေး ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သား လမ်းပိုင်းအတွင်းရှိ ဒုံပေါက်ပျက်စီးနေသည့် လမ်းပိုင်(၂)နေရာအား ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်



MNP - ဇွန်   ၄


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ ပြည်သူတစ်ရပ်လုံး၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်အတွက် လမ်းများ၊ တံတားများ၊ လူနေထိုင်ရာအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်၊  သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အချိန်ကုန်သက်သာပြီး ကုန်ကျမှုစရိတ် သက်သာစေရန်၊  မြိုပြနှင့်ကျေးလက်ကွာဟမှု မရှိစေရေးအတွက် လမ်း၊တံတားများ တည်ဆောက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သား လမ်းပိုင်းအတွင်းရှိ ဒုံပေါက်ပျက်စီးနေသည့် လမ်းပိုင်(၂) နေရာအား ပြန်လည်ပြုပြင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


အဆိုပါလမ်းပြုပြင်ခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၁၈၁.၃၇၀) ဖြင့် မိုင်တိုင်အမှတ်(၅)မိုင် (၄)ဖာလုံနှင့်(၅)မိုင်(၅)ဖာလုံးအတွင်းရှိ လမ်းပိုင်းအရှည်(၁)ဖာလုံနှင့် မိုင်တိုင်အမှတ် (၇)မိုင်နှင့်(၇)မိုင်(၄)ဖာလုံအတွင်းရှိ လမ်းပိုင်းအရှည်(၄)ဖာလုံ၊ စုစုပေါင်းလမ်းပိုင်း အရှည်(၅)ဖာလုံအား ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြုပြင်ပေးရာတွင် လမ်းအရည်သွေး ပြည့်မီစေရေးအတွက် ဒုံပေါက်နေသည့် မူလလမ်းအကျယ်(၁၂)ပေမြေနေရာတွင် အကျယ်(၁၈)ပေ အနက်(၁၀)ပေအထိ တူးထုတ်ပြီး (၂)လက်မ၊(၄)လက်မကျောက်သားများ ခင်းကြိတ်ပြီး အခြခံအလွှာအဖြစ် (၃)လက်မ ကျောက်များဖြင့် အကျယ် (၂၀)ပေ၊ ထု(၅)လက်မ အလွှာ(၂)လွှာခင်းပြီး ၎င်း အပေါ်တွင် (၂)လက်မကျောက်များ အကျယ်(၁၈)ပေ၊ ထု(၅)လက်မအား  ထပ်မံခင်းကြိတ်ကာ အပွန်းခံ အလွှာအဖြစ် (၁)လက်မခွဲကျောက်များဖြင့် ထု(၃)လက်မအား ကတ္တရာလောင်းခြင်း၊ ကတ္တရာ ပိတ်ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


အဆိုပါပျက်စီးနေသည့် လမ်းပိုင်း(၂)နေရာအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပါက ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်းမကြီးအား အသုံးပြုလျက်ရှိသော ပြည်သူများ၏ ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူမြန်စွာ သယ်ယူနိုင်တော့မည်ဖြစ်ပြီး ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍစုံ ဖွံ့ဖြိးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)