အမ်းမြို့နယ်၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် ပညာသင်ကြားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် ပညာသင်ကြားလျက်ရှိ






MNP ၊ ဇွန်  ၂

 ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၌၂၀၂၂- ၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်း များကို  ဇွန်လ(၂)ရက်နံနက်(၉)အချိန်မှစတင်ဖွင့်လှစ် ပညာ သင်ကြားလျက်ရှိကြောင်းသိရှိရသည်။


အမ်းမြို့နယ်တွင် အခြေခံပညာအထက် တန်းကျောင်း(၁၁) ကျောင်း၊ အထက်တန်း ကျောင်း(ခွဲ)(၁၁)ကျောင်း၊  အလယ်တန်းကျောင်း (၂၇)ကျောင်း၊  အလယ်တန်းကျောင်း (ခွဲ)(၂၈) ကျောင်း၊ မူလတန်းလွန်ကျောင်း(၃၅)ကျောင်း၊ အမက(၆၅)ကျောင်း ၊ အမက(ခွဲ)(၄၀) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်း(၃)ကျောင်း၊ ကိုယ်ပိုင်အထက်တန်း ကျောင်း(၂)ကျောင်း စုစု ပေါင်း(၂၂၃) ကျောင်းရှိရာ ကျောင်းသားကျောင်း သူများ အေးချမ်းပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ကျောင်းသို့ မဝင်ရောက်မှီ ကျောင်းအကျိုးတော် ဆောင်များနှင့် ဆရာဆရာမများက ကိုယ်အပူချိန်တိုင်းတာ ခြင်း၊ Mask များဖြန့်ဝေပေးခြင်းကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ကျောင်းများတွင်လက်ဆေးဘေ စင်များစနစ်တကျတပ်ဆင်ထားခြင်း၊ စာသင်ခန်းများ စနစ်တကျထားရှိခြင်း၊ ကျောင်းဥပဓိ ရုပ်ကောင်းမွန်ရေး ကြိုတင်ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

ဆက်လက်ပြီး ကျောင်းအပ်နှံရန်ကျန်ရှိသူများအား ကျောင်းအပ်လက်ခံ ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြာင်း သိရသည်။


သတင်း - စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)