မိုးကောင်းမြို့၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးအတွက် မိုးရာသီသစ်ပင်(၁၀၀၀) စိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကောင်းမြို့၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးအတွက် မိုးရာသီသစ်ပင်(၁၀၀၀) စိုက်ပျိုးပွဲကျင်းပ

 



MNP - ဇွန်   ၄


သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကျွန်းတောရပ်ကွက်ရှိနှီးဘုရားဝန်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၈)နာရီတွင် မိုးရာသီ သစ်ပင်ပေါင်း (၁၀၀၀) စိုက်ပျိုးခဲ့ကြောင်း သိရသည်။


သဘာဝပတ်ဝန်းကျင်သာယာလှပရေး ပန်းမာန်သစ်ပင်စိုက်ပျိုးပေးဟူသော ဆောင်ပုဒ်နှင့်အညီ မြို့နယ်တစ်ခုလုံးစိမ်းလန်းစိုပြေ သာယာလှပရေးအတွက် သစ်ပင်များကိုစိုက်ပျိုးပြီး ဆက်လက် ထိန်းသိမ်းပေးကြစေလိုကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က သစ်ပင် စိုက်ပျိုးပွဲအခမ်းအနား၌ အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်မင်းသော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှူးကျော်မိုးအောင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစိုင်းထွန်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှစိုးမေတို့က တက်ရောက်လာသူ ကိုယ်စားလှယ်များအား သစ်ပင်ပျိုးပင်များပေးဝေခဲ့ကြသည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့်ကျောင်းသားကျောင်းသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက ကျွန်း(၂၀၀)ပင်၊ ပျဉ်းကတိုး (၂၀၀)ပင်၊ မျောက်ငို(၅၀)ပင်၊ တောင်တမာ(၁၅၀)ပင်၊ ခရေ(၁၀၀)ပင်၊ ဂန့်ဂေါ်(၁၀၀)ပင်နှင့် မဟောဂနီ(၁၀၀)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။


သတင်း - သန်းလွင်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)