မိုင်းဖြတ်မြို့နယ်၌ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာတောင်သူများအား မျိုးစပါး ထောက်ပံ့ပေးအပ်ပွဲနှင့် ကွင်းပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဖြတ်မြို့နယ်၌ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာတောင်သူများအား မျိုးစပါး ထောက်ပံ့ပေးအပ်ပွဲနှင့် ကွင်းပြပွဲကျင်းပ



MNP - ဇွန်   ၁၉


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ တောင်သူများအား မျိုးစပါး ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားနှင့် ကွင်းသရုပ်ပြပွဲ ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက နမ့်ကုန်းကျေးရွာအုပ်စု၊ ဟောင်ဟင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့်က အဖွင့်အမှာ စကားပြောကြားရာ မျိုးကောင်းမျိုးသန့်များ ရရှိရေးအတွက် တောင်သူများဖြင့် ပူးပေါင်းပြီး ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာများ အကောင်အထည်ဖော် နေမှုအခြေအနေများ၊ တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်များ ရရှိစေရေး၊ အထွက်နှုန်းကောင်းမွန်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးနိုင်ရေး၊ သစ်စိမ်းမြေဩဇာ စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ ဒေသတွင်းနေကြာသီးနှံစိုက်ပျိုးခြင်းဖြင့် စားဆီများသုံးစွဲမှုဖူလုံရေး နေကြာသီးနှံ မျိုးစေ့များရရှိရေးအတွက် မိမိတို့ဌာနမှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် စပ်လျဉ်းပြီး စိုက်ပျိုးရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်) နှစ်ရှည်သီးနှံဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းထွေးက နှစ်ရှည်သီးနှံများအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြား ခဲ့သည်။


ဆက်လက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း) စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းက ကွင်းပြပွဲပြုလုပ်ရခြင်းနှင့် မျိုးစပါးထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်မိုင်းဖြတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က ၂၀၂၂ခုနှစ်၊ မိုးရာသီတွင် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က တောင်သူများအား အမှာစကား ပြောကြားခဲ့သည်။


ဆက်လက်၍  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့်၊ နှစ်ရှည်သီးနှံဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းထွေးနှင့် တာဝန်ရှိသူများက ဘက်စုံစံပြကျေးရွာမှ တောင်သူများအား မျိုးစပါးနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းနောက် တောင်သူ ဦးအောင်မျိုးနှင့် တောင်သူ ဒေါ်သူဇာတို့၏ စိုက်ပျိုးမြေအတွင်း ဘာစမာတီ၊ ခေါက်နမ့်ခမ်း၊ ခေါက်မလိ(ထိုင်းဆန်မွှေး) ပျိုးထောင်ထားရှိမှုနှင့် ပဲပုတ်-နေကြာ သီးညှပ်စံပြကွက် အောင်မြင်ဖြစ်ထွန်းမှုများကို တောင်သူများက လေ့လာကြည့်ရှုခဲ့ရာ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က စိုက်ပျိုးထားရှိမှု အခြေအနေများကို လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။


သတင်း - သန်းထွန်းအေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)