ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ် နှင့် (၁၂)ကြား ကျောင်းသား/သူ ၁၃၈၄၃ ဦး အား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ် နှင့် (၁၂)ကြား ကျောင်းသား/သူ ၁၃၈၄၃ ဦး အား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်





MNP ၊  ဇွန် ၁၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ် နှင့် (၁၂)ကြားရှိ ကျောင်းသား/သူ များ အား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို  ယနေ့ နံနက်ပိုင်းက သတ် မှတ် ကျောင်း စုရပ်နေရာ များတွင် ဆက်လက် ထိုးနှံ ပေးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ဆရာ၊ဆရာမများမှ စာရင်းများ မှတ်ယူခြင်း ၊ ကျောင်းသား မိဘများထံမှ ခွင့်ပြုချက်ရယူခြင်း ၊ ကျန်းမာရေး ဝန်ထမ်း များက လာရောက် ထိုးနှံသည့် အခြေခံ ပညာ ကျောင်းများရှိ  အ သက်(၅)နှစ် နှင့် (၁၂)ကြားရှိ ကျောင်းသား/သူ များ အား ကိုယ် အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ ကျန်းမာရေး စစ်ဆေး ခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာ ကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် ကျောင်းသား/သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ် ဆေးထိုး နှံ နေမှုများအား  ဌာနဆိုင်ရာများ၊ ဆရာ/မ များ ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ် ရေး မှူး များ နှင့် တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေး လျှက်ရှိသည်။ 

မောင်တောမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရမည့် အခြေခံပညာကျောင်းများဖြစ်သော  ကျောက်လှေကား(မူလွန်)ကျောင်း ၊ တမန်းသား(နတလ) အမကခွဲကျောင်း ၊ တရိန်းမြို(အမက)ကျောင်း ၊ ရန်ခါလီ (အမက) ကျောင်း ၊ စံပြကညင်တန်း(မူလွန်)ကျောင်းများရှိ အသက်(၅)နှစ် နှင့် (၁၂) ကြားရှိ ကျောင်းသား/သူ များ အား ယနေ့ နံနက်ပိုင်း က ကျောင်းသား/သူ  ၁၀၉၂  ဦးအား ဆက်လက် ထိုးနှံပေးခဲ့ပြီး ဇွန်လ ၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ   အခြေခံပညာ ကျောင်းများရှိ ကျောင်းသား/သူ ၁၃၈၄၃  ဦးအား ကျန်းမာ ရေး ဝန်ကြီး ဌာန ၏ လမ်းညွှန် ချက်များ နှင့် အညီ ထိုးနှံပေး ပြီးဖြစ်ရာ ကျန်ရှိသူ ကျောင်းသား/သူများအား ဆက်လက် ထိုးနှံပေးမည် ဖြစ် ကြောင်း သိရသည်။ 


သတင်း - အောင်ကျော်စိန်၊ သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)