MNP - ဇွန် ၂၃
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် မြို့နယ်အဆင့်အခြေခံပညာကျောင်းပေါင်းစုံ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ရေဖြူကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာရှိ အ.ထ.က(ခွဲ) အုတ်ဖိုအခြေခံပညာကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်မြင့်၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျေးရွာတာဝန်ရှိသူများထံသို့ စိုက်ပျိုးသွားမည့်ပျိုးပင်များကို မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးနိုင်လွင်ထွန်းက ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများက ကျောင်းဝင်းအတွင်း ခရေပင်(၆၁)ပင်၊ မဟောဂနီ(၄၂)ပင်၊ စိန်ပန်း(၅၁)ပင်၊ ငုရွှေဝါ(၅၁)ပင်၊ စုစုပေါင်းပျိုးပင်(၂၀၅)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းလည်း သိရသည်။
သတင်း - ဇင်မင်းထိုက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment