ငပလီမြို့အ.မ.က (ငပလီ)ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပလီမြို့အ.မ.က (ငပလီ)ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်




MNP ၊ ဇွန် ၁၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့အတွင်းရှိ အခြေခံပညာကျောင်း များအား ဖွင့်လှစ်လျှက်ရှိရာငပလီမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အ.မ.က ( ငပလီ)ကျောင်းဝင်းအတွင်း  သန့်ရှင်းသာယာလှပရေး အတွက် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက ပြုလုပ်ခဲ့သည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊အခြေခံပညာကျောင်းများအား  စတင်ဖွင့်လှစ်လျှက်ရှိရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာနှင့် အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားခွင့်နှင့် ပညာသင်ယူခွင့် ရရှိနိုင်ရေး၊ ခြင်အန္တရာယ် ကင်းဝေးစေရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ ကျောင်းသား၊ ကျောင်းသူများ စိတ်ပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ငပလီမြို့စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့ဦးစီးမှူး၊ဦးနိုင်လင်း ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ပရဟိတလူငယ်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍အ မ က (ငပလီ) ကျောင်းဝင်းအတွင်းရှိ ခြုံနွယ် ၊ မြက်များအားခုတ်ထွင်ရှင်းလင်းခြင်း ၊ အမှိုက်များကောက်ခြင်းနှင့် တံမြက် စည်းလှဲခြင်းစသည်တို့ကို ပူးပေါင်းဆောင် ရွက်ခဲ့ကြပြီး   ငပလီမြို့သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် (စနေ)နေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြို့အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

သတင်း - သန်းနု

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)