သူနာပြုသားဖွား ဒီပလိုမာ(၃)နှစ် သင်တန်းသား/သူများ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သူနာပြုသားဖွား ဒီပလိုမာ(၃)နှစ် သင်တန်းသား/သူများ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်း

 


MNP - ဇွန်   ၁၁


ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သူနာပြုသင်တန်းကျောင်း၊ တောင်ကြီးမြို့၊ အပတ်စဉ်(၄၆) သူနာပြုသားဖွား ဒီပလိုမာ(၃)နှစ် သင်တန်းသား၊ သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲကို ယမန်နေ့နံနက်(၉)နာရီက တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက်ရှိ သူနာပြုသင်တန်းကျောင်း၌ ကျင်းပသည်။


ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဂျူတီကုတ်နှင့်ဦးဆောင်းများ ပေးအပ်လိုက်ခြင်းသည် သားတို့သမီးတို့အတွက် သာနာပြုဆိုသည့် ဘဝထဲကို တစ်စိတ်တစ်ဒေသ ပထမခြေလှမ်းဖြစ်ပါကြောင်း၊ ဂျူတီကုတ်နှင့်ဦးဆောင်းမပေးအပ်ခင်က သားတို့သမီးတို့ တာဝန်မှာ အခြေခံသူနာပြုစုခြင်း အတတ်ပညာနှင့် ပတ်သက်သည့်သင်ခန်းစာများကို ကြိုးစားရုံသာ တာဝန်ရှိခဲ့ကြပေမဲ့ ဂျူတီကုတ်နှင့် ဦးဆောင်းပေးအပ်ပြီးသည့် အခါတွင် စာတွေ့သာမက တကယ့်လူနာ လက်တွေ့ပြုစုကုသမှုများကို တာဝန်ကျရာဆေးရုံတွင် လေ့လာကြရတော့မည်ဖြစ်ပြီး Knowledge Attitude Practice (Skill)ဆိုသည့် အချက်များနှင့် ပြည့်စုံနေရန်လိုအပ်ပါကြောင်း၊ စာတွေ့နှင့်လက်တွေ့တွင် တကယ်လုပ်ကြည့်သည့်အခါ ကွာခြားမှုရှိနေသည့်ကို တွေ့ရမှာဖြစ်ကြောင်း၊ စာထဲက အတိုင်းမဟုတ်လို့ဆိုပြီး လူနာအရေးကြီးနေသည့် အချိန်တွင် ဘာမှထိထိရောက်ရောက် လုပ်မပေးနိုင်ပါက လူနာအသက်ဆုံးရှုံးရပါကြောင်း၊ လိုလျှင်ကြံဆ နည်းလမ်းရဆိုသည့်အတိုင်း သားတို့သမီးတို့သည် အသိဉာဏ်အရှိဆုံး လူသားများဖြစ်သည့်အတွက် မိမိရဲ့လေ့လာအားထုတ်မှု၊ ရနိုင်သမျှ အရာဝတ္တု၊ ရှိသမျှအင်အားများနှင့် လူနာများ၏ အသက်ကို ကယ်တင်နိုင်ရန် ယခုလို သင်တန်းသား၊ သင်တန်းသူ ဘဝထဲကကြိုးစားသင်ယူလေ့လာရန် လိုပါကြောင်း၊ ယနေ့ဂျူတီကုတ်နှင့် ဦးဆောင်းပေးအပ်ပွဲမှစ၍ သားတို့သမီးတို့၏ သူနာပြုဘဝလျှောက် လှမ်းနေစဉ် တစ်လျှောက်လုံးတွင် အများက လေးစားချစ်ခင်သည့် လူတိုင်းအပေါ် စေတနာမေတ္တာထားနိုင်သည့် မိမိတို့ဘဝအတွက်သာမက တိုင်းရင်းသား ပြည်သူလူထုအတွက် အပြုံးပန်းဆင်နိုင်သည့် ထာဝရပြုံး အလှပိုင်ရှင်များဖြစ်စေကြရန်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်နေသည့် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲ နေသော သာသူနာပြုသိပ္ပံ၊ မဟာသိပ္ပံ(PHD)ဘွဲ့တွေအထိ အောင်မြင်တက်လှမ်းနိုင်ကြရန် ပြောကြားသည်။


ဆက်လက်၍ တောင်ကြီးမြို့ သူနာပြုသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးမှဂျူတီကုတ်နှင့် ဦးဆောင်း ပေးအပ်ခြင်းအကြောင်းစပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်နှင့် နည်းပြဆရာမများကသင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများ ပေးအပ်ကြပြီး သူနာပြုသစ္စာ အဓိဌာန်ရွတ်ဆိုကြ၍ ဂရုဏာအလင်း သီချင်းသီဆိုကြကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပထမနှစ်၊ ဒုတိယနှစ်တွင် ပညာရည်ချွန်ဆုရရှိသူများကို ဆုများချီးမြှင့်ပေးခြင်းနှင့် ထူးချွန်ဆုရရှိသူများကို ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ကာ ပထမနှစ်သူနာပြု သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြာင်း သိရသည်။


အဆိုပါအပတ်စဉ်(၄၆)သူနာပြု သားဖွားဒီပလိုမာ(၃)နှစ်သင်တန်းသား၊ သင်တန်းသူဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းတွင် ဂျူတီကုတ်ရရှိကျား(၃)ဦး၊ ဦးဆာင်းအပ်နှင်းမ(၅၁)ဦး စုစုပေါင်း(၅၄)ဦး ဖြစ်ကြောင်း သိရသည်။ 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တောင်ကြီးသူနာပြု သင်တန်းကျောင်းခန်းမရှိ လက်တွေ့အခန်းများအား လှည့်လှည်ကြည့်ရူကြသည်။ ဆက်လက်၍ တောင်ကြီး စပ်စံထွန်းဆေးရုံ၌ ယခင်ရှိပြီးသား ဓါတ်ရောင်ခြည်စက် ပြန်လည်ဆောင်ရွက်နေမှုနှင့် ဓါတ်ရောင်ခြည် ခန်းမများ သွားရောက်ကြည့်ရှုကြပြီး ဓါတ်ရောင်ခြည် လာရောက်ကုသမှုခံယူနေသာ လူနာများကို အားပေးစကားပြောကြားခဲ့ကြာင်း သိရှိရသည်။


သတင်း - မောင်မောင်သန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)