တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး အမှတ်စဉ် (၅ /၂၀၂၂) အစည်းအဝေးသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး အမှတ်စဉ် (၅ /၂၀၂၂) အစည်းအဝေးသို့တက်ရောက်

 


MNP - ဇွန်   ၂၄


တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၅ /၂၀၂၂) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အစည်းအဝေးတွင်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ယနေ့အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်ပြီးလုပ်ငန်း(၃)ခုအား ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးရန်၊ ရင်းနှီးမြှုပ်နှံမှုခွင့်ပြုပေးရန်အတွက် ပြုလုပ်သောအစည်းအဝေးဖြစ်ကြောင်း၊  တိုင်းဒေသ ကြီးတွင်ရင်းနှီးမြှုပ်နှံမည့်သူများစွာရှိရန် လိုအပ်ပြီးလူ့စွမ်းအားအရင်းအမြစ်နှင့် အလုပ်အကိုင်အခွင့် အလမ်းများတိုးတက်လာမှာဖြစ်ကြောင်း၊  အဓိကလုပ်ငန်းများတွင်ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ရန်ကိစ္စရပ်များအားခွင့်ပြုလိုက်မည်ဆိုပါက ရင်းနှီးမြှုပ်နှံလိုက်သူများအနေဖြင့် အကျိုးကျေးဇူးခံစားခွင့်များ ရရှိလာနိုင်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရင်းနှီးမြှုပ်နှံမှုလာရောက်လာသူများကို ကျေးဇူးတင်ရှိပြီးရင်းနှီးမြှုပ်နှံသူများအနေဖြင့် အောင်မြင်အောင်အကောင်အထည်ဖော်ကြိုးစား ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ၊ ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု Diamond Htee Khee Co., Ltd. က ကွင်းအမှတ်(၁၈/OSS)၊ ထီးခီးကျေးရွာ၊ အမြားကျေးရွာအုပ်စု၊ ထားဝယ်ခရိုင် ထားဝယ်မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး ရှိမြေဧရိယာ(၇.၅၀) ဧကပေါ်တွင်ဟိုတယ်နှင့် အပန်းဖြေ စခန်းတည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းဆောင်ရွက်ခွင့်ပြုပါရန်အတည်ပြုလျောက်ထား လွှာတင်ပြလာခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ တနင်္သာ ရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ဦးပိုင်အမှတ်-N (၂၉)၊  ကွင်းအမှတ် (၂၆၁)၊   ဆင်ထောင့်ကမ်းခြေအနီး၊ ဝဲမကိုက်ကျေးရွာ၊ ကျောက် တွင်းကျေးရွာအုပ်စု၊ လောင်းလုံးမြို့နယ်၊ ထားဝယ်ခရိုင်၊ တနင်္သာရီတိုင်းဒေသကြီးရှိ မြေဧရိယာ  ၅ ဧကတွင် အပန်းဖြေစခန်းဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသော Dawei RYSTCo., Ltd, က မူလအတည်ပြုမိန့်ပါ တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ဦးပိုင်အမှတ် (၁၂+၁၃) ၊ ကွင်းအမှတ် (၁၇၃-က)၊ ကဘင်း၊ ကျောက်ဖျာကျေးရွာအုပ်စု၊ မြိတ်မြို့နယ်၊ တနင်္သာရီ တိုင်းဒေသကြီးရှိမြေဧရိယာ (၃.၆၆) ဧကတွင် ငါးအမှုန့်ထုတ်လုပ်ဖြန့်ဖြူးခြင်းနှင့် ဆက်စပ်လုပ်ငန်းဆောင်ရွက်လျက်ရှိသော  Shwe Pale Thi Co., Ltd. က တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။


ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ဆွေးနွေးတင်ပြချက်များအပေါ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)