MNP ၊ ဇွန် ၁၇
ရခိုင်ပြည်နယ်အတွင်း ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ပြည်နယ်ပညာပေးရေး ဆပ်ကော်မတီ မှအသိပညာပေးရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် အမှတ် (၅)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို နည်းပညာတက္ကသိုလ် (စစ်တွေ)၊ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)နှင့် စစ်တွေတက္ကသိုလ်တို့တွင် ယနေ့ နံနက်ပိုင်းစ၍ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲများတွင် ရခိုင်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကံညွှန့်က ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ရည်ရွယ်ချက်များ၊ ယာဉ်မောင်း လိုင်စင်ပြုလုပ်ပုံအဆင့်ဆင့်၊ မော်တော်ယာဉ်တွင် သတ်မှတ်ထားသော နံပါတ်ပြားများအကြောင်းအား လည်းကောင်း၊ အမှတ် (၅) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးအောင်ကြီးက မော်တော်ယာဉ်ဥပဒေနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ ဥပဒေများအားလည်းကောင်း၊ စစ်ဆေးရေးမှူး ဦးလှမြင့်သိန်းက မော်တော်ယာဉ် မောင်းနှင်းရာတွင် လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်များအားလည်းကောင်း အကျယ်တဝင့် အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြပြီး ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲများသို့ နည်းပညာ တက္ကသိုလ်(စစ်တွေ)၊ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)နှင့် စစ်တွေတက္ကသိုလ်တို့မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား(၇၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment