ညောင်ဦးမြို့နယ် တောင်သူများလက်ဝယ်သို့ မြေယာလျော်ကြေးငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် တောင်သူများလက်ဝယ်သို့ မြေယာလျော်ကြေးငွေပေးအပ်


MNP - ဇွန်   ၃


မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦမြို့နယ်လူမှုဖူလုံရေးရုံး မြေနေရာအသုံးပြုထားခြင်းအတွက်၊ ညောင်ဦးမြို့နယ် တောင်သူများလက်ဝယ်သို့မြေယာလျော် ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌရုံးခန်းတွင် မြေယာလျော်ကြေးငွေပေးအပ်ပွဲကျင်းပခဲ့ကြောင်း သိရသည်။


မြေယာလျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနန်းတင့်နှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၊ ညောင်ဦးမြို့နယ်၊ မြို့နယ်လူမှုဖူလုံးရေးရုံး၊ ရုံးခွဲတာဝန်ခံဒေါ်အေးအေးမြင့်နှင့် ဝန်ထမ်းများတက်ရောက်ကြပြီး အသုံးပြုထားမြေနေရာသည် ကုန်းတန်းကြီးကျေးရွာအုပ်စု၊ တောင်ရှေ့ကွင်း၊ ကွင်းအမှတ်(၁၅၃၃)၊အတွင်း မြေကွက်အမှတ် (၁၁/၁၂)ရှိ မြေအကျယ်(၂၀၀x၄၀၀) ပေရှိ မြေဧရိယာ(၁.၈၃၆)အတွက် ကာယကံရှင်အား မြို့နယ်ဖူလုံရေးရုံးမှ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ သတ်မှတ်ပေးထားသည့် မြေယာလျော်ကြေး (၂၃၀၀၀၀၀၀) ကျပ်သိန်းနှစ်ရာသုံးဆယ်တိတိအား မြေပိုင်ရှင်ဦးသိန်းဇော်ဦးအသိသက်သေများရှေ့မှောက်တွင် မြေယာလျော်ကြေးပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)