သရက်ချောင်းမြို့တွင် မော်တော်ယာဉ်တစ်စီး မီးရှို့ဖျက်ဆီးခံရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့တွင် မော်တော်ယာဉ်တစ်စီး မီးရှို့ဖျက်ဆီးခံရ

 



MNP - ဇွန် ၈


သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာအုပ်စု၊ စော်ဖျားကျေးရွာတွင် ယနေ့မွန်းလွဲ ၁၂ နာရီခန့်က မော်တော်ယာဉ်တစ်စီး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။


ဖြစ်စဉ်မှာ ယာဉ်မောင်းဦးစိုးဦးသည် သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာအုပ်စု၊ စော်ဖျားကျေးရွာ တပ်စခန်းကုန်း၌ ခြံစည်းရိုးကာရံရန်အတွက် လိုအပ်သောပစ္စည်းများ သွားရောက်ပို့ဆောင်ပေးခဲ့ပြီး စော်ဖျားကျေးရွာမှ လမ်းကြုံလိုက်ပါလာသူတစ်ဦးနှင့်အတူ ထားဝယ်မြို့သို့ ပြန်လည်ထွက်ခွာလာစဉ် ကင်းရှေ့ကျေးရွာ တံတားအနီးအရောက်တွင် အမည်မသိလက်နက်ကိုင် (၁၀) ဦးခန့်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ လမ်းကြုံလိုက်ပါလာသူ၏ ယာဘက်ပေါင်တွင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက် ရရှိခဲ့ကြောင်း၊ မော်တော်ယာဉ်ရပ်တန့်သွားစဉ် လက်နက်ကိုင်များ ရောက်ရှိလာပြီး မော်တော်ယာဉ်အား ထားခဲ့ရန်ပြောဆိုခြိမ်းခြောက်သဖြင့် ဦးစိုးဦးနှင့်ဒဏ်ရာရသူတို့ အခင်းဖြစ်ရာနေရာမှ ထွက်ပြေးခဲ့ကြောင်း၊ ရောင်းမော်ကျေးရွာအရောက်တွင် အရေးပေါ်ယာဉ်၏ ကူညီမှုဖြင့် ဒဏ်ရာရရှိသူအား ထားဝယ်ဆေးရုံတွင် ဆေးကုသမှုခံယူနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ အခင်းဖြစ်ရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိစဉ် မော်တော်ယာဉ်ကို လက်နက်ကိုင်များက မီးရှို့ဖျက်ဆီးထားသည်ကို တွေ့ရှိရကြောင်းနှင့် မီးရှို့ဖျက်ဆီးခဲ့သူများအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)