ဓနုဖြူမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓနုဖြူမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ





MNP - ဇွန်   ၅


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီ ဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၈)နာရီ အချိန်က ရေတွင်း ကုန်းကျေးရွာ၊ အ.မ.က (ရေတွင်းကုန်း) ကျောင်းဝန်းအတွင်း၌ စုပေါင်းစိုက်ပျိုးခဲ့သည်။


အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးအောင်ချိုဦး၊ အဖွဲ့ဝင်(၂) ဦးစိန်မောင်ဝင်း၊ မြို့နယ်ပညာရေးမှူး ဦးလှဌေး၊ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးငြိမ်းချမ်း-၅နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီး အကဲများနှင့်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ စုစုပေါင်း အင်အား(၁၆၀)ခန့်တို့က ကျွန်း (၃၁)ပင်၊ မဟော်ဂနီ(၃၁)ပင်၊ မန်ဂျန်ရှား(၁၁၀)ပင်၊ ခရေ(၁)ပင်၊ ယူကလစ်(၃၁)ပင်၊စိန်ပန်း(၁)ပင် စုစုပေါင်းအပင် (၂၀၅)ပင် တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)