ရသေ့တောင်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာန ၌ ပင်လယ်ပြင်ငါးဖမ်းရေလုပ်သားများအ တွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာန ၌ ပင်လယ်ပြင်ငါးဖမ်းရေလုပ်သားများအ တွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းဖွင့်လှစ်




MNP ၊  ဇူလိုင် ၂၆

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရသေ့တောင်မြို့နယ်၌ ပင်လယ်ပြင်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်း ကျင်မှုသင်တန်းကို ငါးလုပ်ငန်းဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ငါးလုပ်ငန်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ကျင်းပပြုလုပ်သည်။

အဆိုပါသင်တန်းတွင် ငါးလုပ်ငန်းဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးစံအောင်ကျော်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ် ချက်အားဆွေးနွေးပြောကြားခဲ့ပြီး ပင်လယ်ပြင်လုပ်ငန်းခွင် အသက်အန္တရာယ် ကင်းရှင်းရေးအတွက် ငါးဖမ်းရေယာဉ်ပိုင်ရှင်များနှင့် ရေလုပ်သားများ ၏ဆောင်ရွက်ရမည့် အချက်အလက်များ၊  ငါးဖမ်းစက်ကိရိယာဆိုင်ရာကိစ္စရပ်များ၊ရေလုပ်သားများ၏ကျန်းမာရေးစောင့်ရှောက်ရေးဆိုင်ရာကိစ္စများနှင့်ရေသယံဇာတ ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ကမ်းနီးကမ်းဝေး ငါးဖမ်းလှေပိုင်ရှင်များနှင့် လုပ်သားများ၏လုပ်ပိုင်ခွင့်၊ ရပိုင်ဆိုင်ရာကိစ္စရပ်များအားဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် ရသေ့တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးမျိုးလင်းကျော်နှင့် တပ်ကြပ်ကြီးဦးဇော်အောင်တို့က ရေကူးနည်းများ၊ ရေနစ်သူ အား ကယ်တင်ရန်နည်းလမ်းများရေယာဉ် ပေါ်၌ သဘာဝအန္တရာယ်များကျရောက်ပါက လုပ်ဆောင်ရမည့် အရေးပေဆိုင်ရာ ကိစ္စရပ်များ၊ ရေပေါ်တွင်ပေါ်နိုင်သည့် ပစ္စည်းများအား အရေးပေါ်အသက်ကယ်နိုင်ရန် အသုံးပြုနိုင်ရန်သည့်နည်းလမ်းများ၊ မီးသတ်ဆေးဗူးအသုံးပြုမှုများအား ဆွေးနွေးပြောကြားခဲ့သည်။ထို့နောက် ရသေ့တောင်မြို့နယ်၊ ကြက်ခြေနီအသင်းက မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးလှကျော်နှင့် တပ်ဖွဲ့ဝင်များက အခြေခံအသက်ကယ်ရေးဆိုင်ရာကိစ္စရပ် များ၊ ရေနစ်သည့်လူနာအား စနစ်တကျ ရှေ့ဦးပြုစုလုပ်ဆောင်ရမည့်ကိစ္စရပ်များ၊ မီးလောင်ရာ၌ မီးခိုးရှူရှိုက်ခြင်း၊ ဓါတ်လိုက်ခြင်း၊ ပြင်ထန်စွာဒဏ်ရာရခြင်းများ အတွက် လုပ်ဆောင်ရမည့် ကိစ္စရပ်များ ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းအား ၂၆.၆.၂၀၂၂ နံနက် ၉ နာရီ မှ ၂၇.၆.၂၀၂၂နေ့ ညနေပိုင်းအထိ ၂ ရက်ကြာ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်းနှင့် ၎င်းသင်တန်းအား ရေလုပ်သားများနှင့် ရေလုပ်ငန်းများအား စိတ်ပါဝင်စားသူ ၃၀ ကျော်တို့က စိတ်ပါ ဝင်စားစွာတက် ရောက်ခဲ့ကြောင်းသိရသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)