စဉ့်ကူးမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပ







စဉ့်ကူး ဇွန် ၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အတွင်း ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခိုက်မှုများကြောင့် နေအိမ်များပျက်စီးဆုံးရှုံးခဲ့ရသော ပြည်သူများနှင့် ထိခိုက်သေဆုံးသွားသည့် ကျန်ရစ်သူမိသားစုအတွက်  ထောက်ပံ့ငွေပေးအပ်ပွဲကို စဉ့်ကူးမြို့နယ်စည်ပင်သာယာခန်းမ၌ ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သဘာဝဘေး ရန်ပုံငွေမှ စဉ့်ကူးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်သေဆုံးသူ(၂)ဦးအတွက် ထောက်ပံ့ငွေများ၊ ပြိုကျပျက်စီးခဲ့သည့်နေအိမ်(၂၅၃)လုံးနှင့် အမိုးလန် ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း၊ ဘေလေးသင့်အိမ်ထောင်စု(၂၅၃)စုမှ လေဘေးသင့်ပြည်သူ (၂၇၄၀)ဦး တို့အတွက် စုစုပေါင်း ထောက်ပံ့ငွေ ကျပ် (၁၈၈၈၀၀၀၀၀) အား စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များ ဖြစ်သော ဗိုလ်မှူး သော်တာထွန်း၊ ဦးရွှေဝင်းနှင့် ဦးထွန်းညွန့်ဦး တို့က လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ရာလေဘေးသင့်ပြည်သူများက လက်ခံရယူခဲ့သည်။


အဆိုပါ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲသို့ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လေဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)