စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီအစည်းအဝေး (၃/၂၀၂၂) တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီအစည်းအဝေး (၃/၂၀၂၂) တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးတက်ရောက်

 




MNP - ဇွန်  ၂၃


စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီအစည်းအဝေး (၃/၂၀၂၂) ကို ယနေ့နံနက် (၁၁) နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး စီးပွားရေးရာဝန်ကြီးရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီဉက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီဉက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက “ပြီးခဲ့သည့် ဧပြီ၊ မေ အစည်းအဝေးများမှာ စားသုံးသူလုပ်ငန်းတွေကို လျာထားချက် ပြည့်မီအောင်နှင့် ကျော်လွန်ဆောင်ရွက်ခဲ့မှုများကို ဂုဏ်ယူဝမ်းမြောက်မိ ပါကြောင်းနှင့် ရှေးလများတွင်လည်း ရာထားချက်ပြည့်မီအောင် အားလုံးဝိုင်းဝန်းကြိုးစား ဆောင်ကြစေကြောင်းနှင့် လိုအပ်ချက်များကိုလည်း ပေါင်းစပ်ဖြည့်ဆည်း‌ ဆောင်ရွက်‌ပေးမည် ဖြစ်ကြောင်းနှင့် စက်သုံးဆီနှင့် စားသုံးဆီများကိုလည်း နိုင်ငံတော်မှ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးများအတိုင်း ရောင်းချသွားရန် အထူးကြပ်မတ် ဆောင်ရွက်သွားကြရန် တိုက်တွန်း အမှာစကားပြောကြားခဲ့သည်။


ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီအစည်းအဝေး (၂/၂၀၂၂) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေ များအားလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူ ရေးရာဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ မေလအတွင်း စားသုံးသူကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ တိုင်းကြားမှုများအပေါ် ဖြေရှင်း ဆောင်ရွက်ပြီးစီးမှုများအားလည်းကောင်း အသီးသီးအတည်ပြု မှတ်တမ်းတင်နိုင်ရန် တင်ပြခဲ့ပြီး တက်ရောက်လာကြသူများမှ တိုင်းဒေသကြီးအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် ရေနံ ဈေးနှုန်းများ ချိုသာစွာ ရောင်းချနိင်ရေးနှင့် သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းကြီးကြပ်စစ်ဆေးမှုများ ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ မေလ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူအသိပညာပေး ဟောပြောခြင်း ၁၀ ကြိမ်၊ လုပ်ငန်းရှင် အသိပညာပေးဟောပြောခြင်း ၂၄ ကြိမ်၊ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ၂၉ ကြိမ်၊ စားသုံးသူရေးရာကော်မတီ အစည်းအဝေးကျင်းပခြင်း ၁ ကြိမ်တို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်းနှင့်  စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နေ ဦးဝင်းဆန်းဦးက UMG Group Win Progress Services Co.,Ltd မှ ရိတ်သိမ်းခြွေလှေ့စက်(၁) စီးအား အငှားဝယ်အရစ်ကျစနစ်ဖြင့် ဝယ်ယူခဲ့ပြီး(၁)နှစ်မပြည့်မီ ကာလအတွင်း စက်မှာ မကြာခဏ ချို့ယွင်းနေခြင်း၊ ဝယ်ယူစဉ်က ဂျပန်နိုင်ငံထုတ်စက်ဟုပြောပြီး တရုတ်စက် ဖြစ်နေခြင်း၊ Service ခေါ်ယူခဲ့သော်လည်း ပြင်ဆင်စရိတ်အပါအဝင် အင်ဂျင်အသစ်လဲလှယ်ရန် ငွေကြေးမတတ်နိုင်တော့သည့်အတွက် နစ်နာကြေးယူလိုကြောင်းနှင့် စပ်လျဉ်း၍ ကုမ္ပဏီဘက်မှ နစ်နာကြေးငွေ သိန်း(၉၀)ကျပ်အား နစ်နာသည့်စားသုံးမှ လက်ခံရရှိပြီးဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နေ ဦးပြည့်ဦးမော်က Wave Money Account အပိတ်ခံရသဖြင့် Account အားပြန်လည်ရယူ အသုံးပြုလိုပါသဖြင့် ညှိနှိုင်းဆောင်ရွက်ပေးပါရန် စားသုံးသူရေးရာဦးစီးဌာန Website Complaint System မှတစ်ဆင့် တိုင်းကြားမှုနှင့်စပ်လျဉ်း၍ ရွှေဘိုခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှူးရုံးမှ Digital Money Myanmar Ltd. Wave Money ၏ တာဝန်ရှိသူထံသို့ ဖုန်းဖြင့်ညှိနှိုင်းချိတ်ဆက်၍ တိုင်းကြားသူ၏ Account အားပြန်လည်ဖွင့်ပေး စေခဲ့ပြီးဖြစ်ပါကြောင်း ယနေ့အစည်းအဝေးတွင် အတည်ပြုမှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)