မြဝတီမြို့၌ ဝန်းကျင်လေထုအရည်အသွေး တိုင်းတာစစ်ဆေးမှုပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့၌ ဝန်းကျင်လေထုအရည်အသွေး တိုင်းတာစစ်ဆေးမှုပြုလုပ်



MNP - ဇွန်   ၂၂


ကရင်ပြည်နယ်၊ မြဝတီခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြဝတီမြို့နယ်အတွင်း၌ ဝန်းကျင်လေထုအရည်အသွေးတိုင်းတာစစ်ဆေးခြင်းကို HazScanner စက်ဖြင့် ယမန်နေ့က မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အဆောက်အဦရှေ့၌ ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ လေထုအရည်အသွေးတိုင်းတာစစ်ဆေးခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများက စစ်ဆေးမှုကို ကြည့်ရှုခဲ့ကြသည်။


ထိုသို့ လေထုအရည်အသွေး တိုင်းတာစစ်ဆေးပေးခြင်းအားဖြင့် လေထုအရည်အသွေးအခြေခံ အချက်အလက်ရရှိစေရန်၊ လေထုညစ်ညမ်းစေသည့်အရာများ၏ အမျိုးအစားများ၊ ထွက်ရှိသည့်ပမာဏကို သင့်တော်သောထိန်းချုပ်မှုနည်းလမ်းများဖြင့် လူသားတို့၏ ကျန်းမာရေးနှင့် လေထု အရည်အသွေးကောင်းမွန်ရေး ဆောင်ရွက်သွားရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေအရ နိုင်ငံတစ်ဝန်းလုံးအတွက် ပတ်ဝန်းကျင်အခြေအနေပြုစုတင်ပြရာတွင် အထောက်အကူပြုစေရန်၊ ဒေသတွင်းရှိ ပတ်ဝန်းကျင်လေထုအရည်အသွေးကို တိုင်းတာစစ်ဆေး၍ ဖြစ်ပေါ်နေသော အခြေအနေများကို ပြည်သူသို့အသိပေးရန်၊ မြို့နယ်အတွင်း ပတ်ဝန်းကျင်ညစ်ညမ်းမှု ကာကွယ်ရန်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းဆောင်ရွက်ပါက တိုင်းတာရရှိထားသော အခြေခံအချက်အလက်များ အထောက် အကူဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။


ထို့နောက် တိုင်းတာစစ်ဆေးသည့် ရလာဒ်အပေါ်မူတည်၍ တန်ဖိုးအဆင့်သတ်မှတ်ချက်ဇယားဖြင့် ကျန်းမာရေးအတွက် သင့်/မသင့်၊ ကောင်း/မကောင်းကို အရောင်ခြောက်မျိုးခွဲခြားသတ်မှတ်ကာ ပြည်သူသို့ အသိပေး/သတိပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဇာဖြူဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)