မင်းလှမြို့တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲပြုလုပ်

 


MNP - ဇွန်   ၂၃


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် အမှတ်(၂၇) မြို့နယ်စက်မှု လယ်ယာဦးစီးဌာနမှ ပေပင်တန်းအုပ်စု၊ ပေပင်တန်းကျေးရွာ‌တောင်သူ ဦးကျော်ကျော်၏ လယ်မြေ ၇ ဧက၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီချိန်က ပြုလုပ်ခဲ့သည်။


စိုက်ပျိုးသရုပ်ပြသပွဲတွင် ကူဘိုတာခြောက်တန်းသွား ကောက်စိုက်ဖြင့် စိုက်ပျိုးသရုပ်ပြသခဲ့ပြီး စိုက်ပျိုးရာတွင် လယ်တစ်ဧကလျှင် တစ်နာရီခန့်သာကြာမြင့်ပြီး ကုန်ကျစရိတ် သက်သာစေမည် ဖြစ်ကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် ကောက်စိုက်ဖြင့် စိုက်ပျိုးမည်ဆိုလျှင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ စိုက်ပျိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သရုပ်ပြပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့်ဌာနဆိုင်ရာများ၊ မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးအောင်အောင်ခန့်နှင့် ဝန်ထမ်းများ၊‌ ဒေသခံတောင်သူများ တတ်ရောက်ကြည့်ရှုခဲ့ကြသည်။


လယ်ယာလုပ်ငန်းခွင်တွင် လုပ်သားရှားပါးခြင်းကို ဖြေလျော့နိုင်ရေး၊ လုပ်အားကုန်ကျမှု သက်သာစေရေး၊ ကောက်ကွက်ဝင်ဆံ့မှု တိကျမှန်ကန်စေရေး၊ ပျိုးသက်နုစိုက်ပျိုးခြင်းကြောင့် ကောက် ပင်လှန်မှုမြန်ပြီး ပင်ပွားများလာစေရေး၊ အချိန်တိုအတွင်း လုပ်ငန်းပြီးစီးမှု လျင်မြန်စေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရာတွင် တောင်သူများအနေဖြင့် ခေတ်မီလယ်ယာသုံး စက်ကရိယာများဖြင့် ရင်းနှီးကျွမ်းဝင်စွာ အသုံးပြုတတ်လာစေရေး ရည်ရွယ်၍ သရုပ်ပြပွဲကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - ပေါက်စ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)