ကျိုက်ထို မြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းသား/သူများအား ကိုဗစ်ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထို မြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းသား/သူများအား ကိုဗစ်ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ထိုးနှံပေး







MNP ၊  ဇွန်   ၂၁

ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံ ပညာကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင် ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိသော အခြေခံပညာကျောင်းသား/သူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းဖြင့် ဇွန်(၂၁)ရက် တွင် ဆေးထိုးစုရပ်ကျောင်း အသီးသီး ၌ ကျန်းမာရေးဝန်ထမ်းများကကာကွယ်ဆေး ဒုတိယအသုတ်ကို ထိုးနှံပေးလျက်ရှိသည်။   

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင်မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ၊ကျန်းမာရေးဌာနဝန်ထမ်းများ ၊ ဆရာ/ဆရာမများ ပူးပေါင်း ၍ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်း သား၊ ကျောင်းသူများအား ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကို မိဘ/အုပ်ထိန်းသူမှ သဘောတူကြောင်း လက်မှတ်ရေးထိုးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ စိုးရိမ်ရသည့်ရောဂါ လက္ခဏာ ရှိ/မရှိ မေးမြန်းပြီးမှသာ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ကို ထိုးနှံပေးခဲ့ ကြောင်းသိရသည်။ 


သတင်း - ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)