တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းရင်းသားကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းရင်းသားကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေး


MNP - ဇွန်   ၁၁


တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသား ကိုယ်စားလှယ်များအား ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များနှင့် ပတ်သက်ပြီး ခေါ်ယူတွေ့ဆုံရခြင်းဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်၊ ဆလုံမော်ကင်း၊ မွန်၊ ကရင်လူမျိုးများ စုစုစည်းစည်းနေထိုင်ပြီး တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက်များ၊ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးတွင် ပညာရေးသည် အားနည်းလျက်ရှိပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာထိခိုက်လာနိုင်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ပညာရေးသည် အရေးကြီးကြောင်း၊ ပညာရေးနှင့် ပတ်သက်ပြီး ကိုယ့်အရပ်ကိုယ့်ဒေသ အတွက် တိုင်းရင်းသား ကိုယ်စားလှယ်များအနေဖြင့်လည်း ပူးပေါင်းကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ပညာရေးအပြင် ကျန်းမာရေးသည်လည်း အဓိကအရေးကြီးကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီရန်အသင့်ရှိကြောင်း ပြောကြားသည်။


ထို့နောက်တက်ရောက်လာသော တိုင်းရင်းသားကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများနှင့် တွေ့ကြုံနေရသော အခက်အခဲများကို ရှင်းလင်း တင်ပြဆွေးနွေးရာ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာက ဖြည့်စွက်ဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)