ပဲခူးမြို့တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသင်းဝင်အဆိုပြုလွှာ ပေးအပ်ပွဲနှင့် တူညီဝတ်စုံပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသင်းဝင်အဆိုပြုလွှာ ပေးအပ်ပွဲနှင့် တူညီဝတ်စုံပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်




MNP ၊ ဇွန် ၂၆         

ဇူလိုင်လ(၃)ရက်နေ့တွင် ရောက်ရှိမည့်မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ ဇွန်လ(၂၆)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ကမ္ဘောဇသာဒီနန်းတော်ဝင်းအတွင်း၌ အသင်းဝင်အဆိုပြုလွှာပေးအပ်ပွဲနှင့် တူညီဝတ်စုံပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကမ္ဘောဇသာဒီနန်းတော်ရှေ့ မြက်ခင်းပြင်တွင် ပဲခူးတိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပဲခူးမြို့ပေါ်ရပ်ကွက် အမျိုးသမီးများ၊ တိုင်း/ ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အမျိုးသမီးဝန်ထမ်းများမှ “မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုပါသည်” စာတမ်းပုံဖော်၍ Zumba Dance အားကစားလှုပ်ရှားဆောင်ရွက်ကြသည်။

ထို့နောက် အသင်းဝင်အဆိုပြုလွှာနှင့် တူညီဝတ်စုံပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာက အမှာစကားပြောကြားပြီး ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အမျိုးသမီးအဖွဲ့များက မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသင်းဝင်အဆိုပြုလွှာ (၇၀)စောင် အား ပေးအပ်ရာ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာမှ လက်ခံရယူခဲ့သည်။

ယင်းနောက် ပဲခူးမြို့နယ်ရပ်ကွက်၊ ကျေးရွာများမှ အမျိုးသမီးရေးရာအဖွဲ့ဝင်များအတွက် တူညီဝတ်စုံ များအား တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာ၊ အတွင်းရေးမှူး‌ ဒေါ်မိုးသူဇာကျော်နှင့် အဖွဲ့ဝင်များ၊ ခရိုင် / မြို့နယ်ဥက္ကဋ္ဌများက ပေးအပ်ခဲ့ပြီး ကမ္ဘောဇသာဒီနန်းတော်အတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကာ အမှတ်တရစုပေါင်းမှတ်တမ်းတင် ရိုက်ကူးခဲ့ကြကြောင်း သိရသည်။


သတင်း - သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)