ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးတစ်ချို့ ကျောင်းအပ်နှံပညာသင်ကြားရန် ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးတစ်ချို့ ကျောင်းအပ်နှံပညာသင်ကြားရန် ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်

 


MNP - ဇွန်   ၁၀


မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်အပြီး မြန်မာနိုင်ငံ ကော့သောင်းမြို့၏ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံပညာသင်ကြားနိုင်ရန် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သား/သမီး ကျောင်းနေအရွယ်ကလေးငယ်တစ်ချို့ ယခုရက်ပိုင်းအတွင်း ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် ပြန်လည်ဝင်ရောက်မှုများရှိကြောင်း သိရသည်။


မြန်မာထိုင်းနယ်စပ် ထိုင်းနိုင်ငံရနောင်းဒေသတစ်ဝိုက် သွားရောက်အလုပ်လုပ်ကိုင်ရာသို့ မိဘများနှင့်အတူလိုက်ပါနေထိုင်လျက်ရှိသည့် ကျောင်းနေအရွယ်မြန်မာကလေးငယ်များအား ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည့် မြန်မာနိုင်ငံ၏အခြေခံပညာကျောင်းများတွင် ကျောင်းဖွင့်ရာသီအမီ ကျောင်းအပ်နှံတက်ရောက်လိုသည့် အလားတူမိသားစုများ ထိုင်းနိုင်ငံရနောင်းမြို့တွင် အမြောက်အများရှိကြောင်း ဒေသသတင်းများအရ သိရသည်။


ထိုင်းနိုင်ငံရနောင်းဒေသတာဝန်ရှိသူများအနေဖြင့်လည်း ၎င်းတို့၏ နိုင်ငံအတွင်းရောက်ရှိနေသည့် မြန်မာအလုပ်သမားရင်သွေးကျောင်းနေအရွယ်ကလေးငယ်များ မြန်မာနိုင်ငံသို့ကျောင်းတက်ရောက်ရန် ပြန်လည်ထွက်ခွာမည်ဆိုပါက နယ်စပ်စစ်ဆေးရေးဂိတ်များတွင် တားမြစ်စစ်ဆေးမှုများမပြုပဲ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော်ခရီးသည်ပို့ဆောင်ပေးလျက်ရှိသည့် ကူးတို့ပဲ့ချိတ်စက်လှေလုပ်သားများအနေဖြင့်လည်း အခမဲ့ ကူညီပို့ဆောင်ပေးရန် အဆင်သင့်ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံ ကော့သောင်းနယ်စပ်ဒေသတာဝန်ရှိအဖွဲ့အစည်းများအနေဖြင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ကျောင်းတက်ရောက်လိုသည့်ကလေးငယ်များအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ အချိန်မီလာရောက်ကျောင်းအပ်နှံပညာသင်ကြားနိုင်ရေး သီးခြားအစီအစဉ်တစ်ရပ်အနေဖြင့် အောက်ခြေအဆင့်တွင် ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးစေလိုသည့်ဆန္ဒရှိကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားမိဘတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။


သတင်း - ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)