မြောက်ဥက္ကလာပမြို့နယ်၌ အစိုးရနိကာယ်(ဝိဒူတန်း)စာမေးပွဲ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ အစိုးရနိကာယ်(ဝိဒူတန်း)စာမေးပွဲ ကျင်းပပြုလုပ်

 



MNP - ဇွန်   ၈


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြို့နယ်သာသနာရေးဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ကြီးမှူးကျင်းပသော အစိုးရနိကာယ်ငါးရပ် (ဝိဒူတန်း) စာမေးပွဲကို အမှတ် ၂ ရပ်ကွက် ဆုတောင်းပြည့်မယ်လမုစေတီတော်သာသနာ့ဗိမာန်တော်အလယ်ထပ်တွင် ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  


ပရိယတ္တိသာသနာထွန်းကား ပျံပွားစေရန်ရည်ရွယ်၍ အစိုးရနိကာယ်စာမေးပွဲကို မြောက်ဥက္ကလာပမြို့နယ်တွင် ဇွန်(၇)ရက်နေ့မှ(၁၁)ရက်နေ့အထိ (၅)ရက်တာ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး အစိုးရနိကာယ်စာမေးပွဲတွင် ကြွရောက်ဖြေဆိုသည့် သံဃာတော်နှင့် သီလရှင်အုပ်စု(၁)တွင် (၁၆၄)ပါး၊ အုပ်စု(၂)တွင်(၉)ပါး၊ အုပ်စု(၃)တွင် (၄)ပါး၊ အုပ်စု(၅)တွင် (၄)ပါးနှင့် အုပ်စု(၆)တွင် (၇)ပါးစုစုပေါင်း စာဖြေသံဃာတော်နှင့် သီလရှင်( ၁၈၈)ပါး ကြွရောက်ဖြေဆိုကြကြောင်း သိရသည်။


စာဖြေသံဃာတော်များ အဆင်ပြေချော့မွေ့စွာ ဖြေဆိုနိုင်ရေးအတွက်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကပ်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက စာဖြေသံဃာတော်များ၏ ဝေယျဝစ္စများနှင့် ကျန်းမာရေးကိစ္စရပ်များကို ဝိုင်းဝန်းကာ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။           


သတင်း - လှလှထွေး


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)