MNP - ဇွန် ၁
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ အကွက် (၅/၈+၉) ၅၈ လမ်း၊ ၄၀ လမ်းထောင့်ရှိ ဦးစိုးမျိုးဟန်၏ RC (၄) ထပ်ရှိ ပထမထပ် ဧည့်ခန်းအတွင်း ပလပ်ခုံတွင် TV ကြိုးထိုးထားရာ ဆားကစ်ပြား အပူလွန်ကဲရာမှတစ်ဆင့် ယမန်နေ့နံနက် (၈) နာရီအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ရာသို့ မဟာအောင်မြေမြို့နယ် မီးသတ်ဦးစီးမှူး ဦးညွန့်ဝင်းအောင် ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် (၁၀) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၅) ဦး စုစုပေါင်း (၃၅) ဦးသည် မီးငြှိမ်းသတ်ယာဉ် (၂) ဦး၊ မီးသတ်ရေယာဉ် (၂) စီးနှင့် အုပ်ချုပ်မှုယာဉ် (၁) စီး စုစုပေါင်းယာဉ် (၅) စီးဖြင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် (၈) နာရီခွဲတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် (၄၅) လက်မ TV flat ပြား (၁) လုံးနှင့် နံရံကပ်ရှိုးကစ်တို့ အနည်းငယ် မီးလောင်ကျွမ်းခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်းနှင့် မီးပေါ့ဆစွာသုံးစွဲသူအား မဟာအောင်မြေမြို့နယ် အမှတ် (၉) ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
သတင်း - အောင်ဇော်မင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment