MNP ၊ ဇွန် ၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများဖြစ်သည့် အထက (ခွဲ)အလက(၂)မြို့မကျောင်း၊(အလက)လေ့ကျင့်ရေးကျောင်း၊ အလက(၄)နှင့် (အမက)အစိုးရရပ်ကွက် ကျောင်းများတွင် ယနေ့ နံနက်(၁၀)နာရီအချိန်မှစတင်ကာ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်း သား၊ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိသည့် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာတွင် ကာယကံရှင်နှင့် မိဘအုပ်ထိန်းသူများ၏ သဘောတူညီမှု ခွင့်ပြုချက်ရရှိမှသာ အဆိုပါကာကွယ်ဆေးအား ထိုးနှံပေးခြင်းဖြစ်သည်။ ယင်းနောက် ဆေးထိုးနှံခြင်း မပြုမီ ကျောင်းသား၊ကျောင်းသူများကို စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်း ပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် တာဝန်ကျဆရာ၊ဆရာမများမှ ကူညီဆောင်ရွက်ပေးပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် (Sinopharm) ဆေးအားထိုးနှံပေးခြင်းဖြစ် ကာ ကာကွယ်ဆေးတစ်လုံးလျှင် (၅)ဦးနှုန်းဖြင့် ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးနှံမှုပြီးပါက သတ်မှတ် နေရာများတွင် မိနစ်(၃၀)ခန့်စောင့်ကြည့်ခြင်းကို ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက အနီးကပ်စောင့်ကြပ်ကာ လိုအပ်သည်များကို ကူညီဆောင်ရွက်လျက်ရှိသည်။
ကျောက်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၂၄၆)ကျောင်း၊ ဘုန်းတော်ကြီးပညာသင် ကျောင်း(၅)ကျောင်း၊ အလယ်တန်းလေ့ကျင့်ရေးကျောင်း(၁)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၂)ကျောင်း၊ စုစုပေါင်း (၂၅၄) ကျောင်းရှိကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ထက်၊ လယ်၊ မူ ကျောင်း များ၌ တက်ရောက်သင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူ ၂၇၃၂၈ ဦးရှိကြောင်း မြို့နယ်ပညာရေး မှူးရုံးမှ သိရသည်။
သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment