မင်းဘူးမြို့ ရှင်ပင်စက္ကိန်းတဲစေတော် ဘုရားပရဝုဏ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည် သာယာလှပစေရေး မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူးမြို့ ရှင်ပင်စက္ကိန်းတဲစေတော် ဘုရားပရဝုဏ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည် သာယာလှပစေရေး မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး

 



MNP - ဇွန်   ၁၈


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ ရှင်ပင်စက္ကိန်းတဲစေတော် ဘုရားပရဝုဏ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပစေရန် ရည်ရွယ်ပြီး မင်းဘူးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ စုပေါင်း၍ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မင်းဘူးမြို့ ရှင်ပင်စက္ကိန်းတဲ စေတော် အရှေ့ဘက်စောင်းတန်း ဘေးပတ်လည် တွင် စုပေါင်းစိုက်ပျိုးခဲ့သည်။


ထိုသို့စိုက်ပျိုးရာတွင် မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းတို့ ဦးဆောင်ပြီး ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဘုရားဂေါပက အဖွဲ့ဝင်များနှင့် မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများက ရှင်ပင်စက္ကိန်းတဲစေတော် ဘုရားပရဝုဏ် အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည် သာယာလှပစေရန်အတွက် ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအဖြစ် ယင်းမာ၊ မယ်ဇယ်၊ ထိုင်ဝမ်ဗန်ဒါ၊ ပုန်းညှပ်နှင့် ယူကလစ် ပျိုးပင်ပေါင် (၁၅၀)ကို စုပေါင်းစိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရ သည်။


သတင်း - မောင်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)