သဖမ်းဆိပ်ဆည်အတွင်းမှ တရားမဝင် ရွှေမျောများ ရှင်းလင်းမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဖမ်းဆိပ်ဆည်အတွင်းမှ တရားမဝင် ရွှေမျောများ ရှင်းလင်းမည်


MNP ၊ ဇွန် ၁၇

သဖမ်းဆိပ်ဆည်အတွင်း တရားမဝင် ရွှေမျောများမှ အကြမ်းဖက်အဖွဲ့အစည်းများကို ဆက်ကြေးပေးနေခြင်းကြောင့် အကြမ်းဖက်အဖွဲ့များ ကိုယ်ကျိုးရှာ အမြတ်ထုတ်နေသည့်အပေါ် တရားမဝင် ရွှေမျောများကို စတင်ရှင်းလင်းမည် ဖြစ်ကြောင်း သိရသည်။

ကျွန်းလှမြို့နယ် သဖမ်းဆိပ် ဆည်အတွင်း တရားမဝင် ရွှေမျောများမှ အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ပံ့ပေးနေကြောင်း ဆရာတော် ဦးဝါသဝက "သဖမ်းဆိပ်ဆည်အတွင်းက ရွှေမျောတွေက အန္တရာယ်များလွန်းတယ်။ ဆည်ကို ထိခိုက်လာနိုင်တယ်။ စက်ကလည်း လေးလုံးထိုး၊ ခြောက်လုံးထိုးတွေနဲ့ ရာနဲ့ချီပြီး လုပ်နေကြတာ။ အဲဒီ ရွှေမျောတွေကနေ KIA , PDF တွေ ကို လစဉ် တစ်လ ၁၀သိန်း၊ ၅သိန်း၊ ၃သိန်း အောက်ထစ်ပေးရတယ်ဗျာ။ စက်အလုံးရေ ရာနဲ့ချီ ရှိနေတော့ ဒီအကြမ်းဖက်အဖွဲ့တွေက လစဉ် သိန်း ထောင်ချီပြီး ဆက်ကြေးကောက်ယူနေတယ်။ ဒါတွေကို ရှင်းလင်းဖို့ လိုပါတယ်။" ဟု မြန်မာနေရှင်နယ်ပို့စ်နှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့သည်။

အလားတူ မူးမြစ်အတွင်းတွင်လည်း တရားမဝင် ရွှေမျောများ ရှိနေပြီး PDF အကြမ်းဖက်အဖွဲ့ကို ငွေကြေးထောက်ပံ့ပေးနေကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)