MNP - ဇွန် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာဝင်းဇင်မောင်၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်အရ တောင်သူအစုအဖွဲ့တိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုးပွဲကို ယနေ့နံနက် ၁၀ နာရီက တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ အသုံးတော်ကျေးရွာအုပ်စု၊ ပုန်းတန်ကျေးရွာ၊ တောင်သူအစုအဖွဲ့ဖြစ်သည့် ဦးခွန်သူရအောင် ဦးခွန်လှနေနှင့်ဦးခွန်အေးဖေတို့၏ ယာမြေ ၁.၅ ဧကတွင်ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တိရစ္ဆာန်အစာပင်မျိုးစေ့များကိုပေးအပ်ရာ တောင်သူအစုအဖွဲ့ဖြစ်သည့် ဦးခွန်သူရအောင်၊ ဦးခွန်လှနေနှင့် ဦးခွန်အေးဖေတို့က လက်ခံရယူကြသည်။
ထို့နောက် တောင်သူအစုအဖွဲ့ယာမြေ ၁.၅ ဧကပေါ်တွင် ရှမ်းပြည်နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဒုတိယပြည်နယ်မှူး၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးခွန်သူရအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောချမ်းနှင့် တောင်သူအစုအဖွဲ့တို့က တိရစ္ဆာန်အစာပင်ဖြစ်သည့် မွန်ဘာဆားနှင့်မှုလမျိုးစေ့များကို သရုပ်ပြစိုက်ပျိုးခဲ့ကြ ကြောင်း သိရသည်။
သတင်း - စိုင်းသန်းကျော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment