မအီမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးဆောင် ကျောင်းသူ ကျောင်းသားများအား သုတဂဝေသီပညာရေးဖောင်ဒေးရှင်းမှ ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးဆောင် ကျောင်းသူ ကျောင်းသားများအား သုတဂဝေသီပညာရေးဖောင်ဒေးရှင်းမှ ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပမည်


MNP ၊ ဇွန် ၂၅

မအီမြို့တွင် ၂၀၂၁-၂၀၂၂ ခုနှစ်၊ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရကျောင်းသူကျောင်းသားများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို သုတဂဝေသီ ပညာရေးဖောင်ဒေးရှင်းမှ မနက်ဖြန် ဇွန်လ(၂၆)ရက်နေ့ နံနက်(၉)နာရီတွင် မအီမြို့၊ အထက်တန်းကျောင်း၊ မြရတနာခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားတွင် ဂုဏ်ထူးရကျောင်းသူကျောင်းသားများအား သုတဂဝေသီပညာရေးဖောင်ဒေးရှင်းမှ (၁)ဘာသာလျှင် (၁)သိန်းကျစီချီးမြှင့်ပေးမည် ဖြစ်ပါကြောင်း၊ ထူးချွန်စွာအောင်မြင်ကြသည့် ဂုဏ်ထူးရကျောင်းသားကျောင်းသူ(၁၇)ဦးရှိပါကြောင်း၊ မအီမြို့ပေါ် ရပ်မိရပ်ဖများ၊ စေတနာရှင်အလှူရှင်များကလည်း ဝိုင်းဝန်းထောက်ပံ့ အားဖြည့်ကူညီ ချီးမြှင့်ပေးသွားကြမည် ဖြစ်ကြောင်း၊ စေတနာရှင်အလှူရှင်များ၏ ချီးမြှင့်ထောက်ပံ့ငွေကို ဂုဏ်ထူးရကျောင်းသားကျောင်းသူ (၁၇)ဦးသို့ အညီအမျှ ခွဲဝေချီးမြှင့်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဂုဏ်ပြုချီးမြှင့်ပွဲ မစတင်မီ နံနက်(၈)နာရီမှစတင်၍ အခမ်းအနားသို့ ဖိတ်ကြားထားသည့် ဧည့်ပရိတ်သတ်များကို ရခိုင်မုန့်တီဖြင့် တည်ခင်းဧည့်ခံသွားမည်ဖြစ်ကြောင်းတို့ကို အဆိုပါဖောင်ဒေးရှင်းမှ ကိုကျော်စွာထွန်းက သိရသည်။


သတင်း - မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)