ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

 


MNP - ဇွန်   ၁၈


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို၊ ယနေ့နံနက်(၇:၃၀)နာရီက ကျောက်ပန်းတောင်း-ချောက်ကားလမ်း မိုင်တိုင်အမှတ် (၃၈၇/၃)နှင့်(၃၈၈/၃)တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့်ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန် ထမ်းများ၊ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြံစို့ကျေးရွာနှင့် ရွာမကျေးရွာများမှ ပြည်သူများ စုစုပေါင်းအင်အား(၂၄၀)ဦးဖြင့်၊ ကျောက်ပန်းတောင်း-ချောက်ကားလမ်း မိုင်တိုင်အမှတ် (၃၈၇/၃)နှင့်(၃၈၈/၃) အကြားရှိ လမ်း၏ဝဲဘက်ခြမ်းတွင် စိန်ပန်းပင်(၁၅၀)ပင်၊ ယင်းမာပင်(၁၅၀) ပင် စုစုပေါင်း အရိပ်ရပင်(၃၀၀)ကို တစ်ပျော်တပါးစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)