ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရ ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ မုခ်ဦးသစ်ကြီးဖွင့်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရ ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ မုခ်ဦးသစ်ကြီးဖွင့်ပွဲ အခမ်းအနား ကျင်းပ

 


MNP - ဇွန်   ၁၉


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရ ပါဠိတက္ကသိုလ်ကျောင်းတိုက်၌ စီစဉ်ကျင်းပသော ကျောင်းတိုက် မုခ်ဦးသစ်ကြီး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၇နာရီ ၁၅မိနစ် အချိန်က ကျောင်းတိုက်မုခ်ဦးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေ့ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး မတည်အလှူရှင်ဖြစ်သော လင်္ကာရတိုက် စာချဆရာတော် ဥူးသုမနက ကျောင်းတိုက်မုခ်ဦးသစ်ကြီး ပြန်လည်တည်ဆောက်ခြင်း ဆိုင်ရာများနှင့် ရွှေဟင်္သာမဟာဗောဓိဆရာတော် ဥူးစက္ကိန္ဒက “မေတ္တာလွှမ်းခြုံ ရွှေဟင်္သာဘုံ” စကား လျှောက်ထားခဲ့သည်။


ဆက်လက်၍ ပဲခူးမြို့၊ ဉာဏဗလစာသင်တိုက် ဆရာတော်ဦးကောသလ္လက “မုခ်ဦးကြီး အဖွင့်”ဂါထာကို ဖတ်ကြားပူဇော်၍ ကြွရောက်လာကြသည့် သံဃာတော်အားလုံက “သာသနဿစ လောကသ” အစချီသော ဂါထာကို ရွတ်ဆိုတော်မူပြီး ကျောင်းတိုက်မုခ်ဦးသစ်ကြီးကို မတိပိဋက မဟာဂန္တဝင်နိကာယ်ကျောင်း၊ ဆဌတိပိဋကဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ ဆရာတော်အမှူးရှိသော ဆရာတော်သံဃာတော်(၄)ပါးမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။


ထို့နောက် ရွှေဟင်္သာဝံသ ဆရာတော်ကြီးများက မုခ်ဦးအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ကိုကျော်ဝင်းလှိုင်က နိုင်ငံတော်စာပေဆု(၂၄)ဆုရှင် စာရေးဆရာ မြေလတ်မင်းလွင် ရေးသား ပူဇော်သည့် “အောင်ဩဘာစာ” ကိုရွတ်ဖတ်ပူဇော်၍ သံဃာတော်အရှင်သူမြတ်များက “ဇေယန္တော ဗောဓိယာမူလေ” အစချီသော အောင်ဂါထာကို (၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။


သတင်း - ထက်ဝေဖြိုး 


မြန်မာနေရှင်နယ်ပို့စ်



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)