ပေါင်မြို့နယ်၌ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ (၃၀၀)ဧက မျိုးသန့် စပါးတင်း (၃၀၀) ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ (၃၀၀)ဧက မျိုးသန့် စပါးတင်း (၃၀၀) ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ






MNP ၊ ဇွန်    ၃

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ (၃၀၀)ဧက မျိုးသန့် စပါးတင်း (၃၀၀) ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်က ရွာတန်းရှည်ကျေးရွာ ကွင်းအမှတ် (၇၆၂) တောင်သူ ဦးလွင်အေး၏ လယ်မြေ၌ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိုက်ထွန်းက ယခုထောက်ပံ့ပေးအပ်ခဲ့သည့်မျိုးစပါးများကို တောင်သူများအနေဖြင့် လျာထားချက်အတိုင်း စပါးအထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးကြရန်နှင့် လိုအပ်သောနည်းပညာများကို စိုက်ပျိုးရေးဦးစီးဌာန တွင်မေးမြန်းဆက်သွယ်ကြရန်အမှာစကားပြောကြားသည်။

စိုက်ပျိုးရေးဦးစီးဌာနမှခရိုင် ဦးစီးမှုး ဒေါ်သင်းသင်းဆင့် က ယခင်နှစ်ကထက် ယခုနှစ်က စပါးအထွက်နှုန်းပိုမိုတိုးတက်အောင် စိုက်ပျိုး ကြဖို့လိုအပ်ပါကြောင်း၊စပါးစိုက်ပျိုးရေး  အတွက်လို‌အပ်သော ဓာတ်မြေဩဇာများအားစိုက်ပျိုးရေး ဦးစီးဌာနနှင့် ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားသို့ ပေါင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ ၊စိုက်ပျိုးရေးဝန်ထမ်းများ တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)