ရခိုင်ပြည်နယ် မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော

 





MNP ၊ ဇွန်   ၂၆ 

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေး နှင့် လေ့ကျင့်ရေးဦးစီးဌာန ၊နယ်စပ် ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် မီးသတ်ဦးစီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန တို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟော ပြောခြင်းကို ယနေ့ နေ့လယ် ၂ နာရီအချိန်  အဆိုပါ ကျောင်းခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ 

ရှေးဦးစွာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီးက  လေဘေး၊ မုန် တိုင်းဘေး ၊ ရေကြီးမှု ၊ မိုးကြိုးအန္တရာယ်များ စသည့် တို့ကို အသိပညာပေး Video ဖိုင်များအား ပြသခြင်း ၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတများအား ဟောပြောပြီး မြို့နယ်မီးသတ် ဦးစီးမှူး ထွန်းရွှေခိုင်က  သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက မီးသတ် တပ်ဖွဲ့ ဝင်များက ကူညီဆောင်ရွက်နေမှု အခြေအနေများ ၊  မုန်တိုင်း အန္တရာယ် ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ မှ သတိပေး ထုတ် ပြန် ချက်များ ၊ ဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ဆောင် ရန် ရှောင်ရန်များ ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များအား ပြောကြားကာ အသိပညာ ပေး လက်ကမ်း စာစောင် များကိုလည်း ဖြန့်ဝေပေးခဲ့ကြသည်။ ထို့နောက် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း ဖြစ်ပေါ်လာနိုင်မည့် မိုးလေဝသ အခြေအနေအား ပြည်သူ့များ ထံသို့ အချိန်မီ အသိပေးပြန်ကြားခြင်းများ ၊ သဘာဝဘေး အန္တရာယ်များ ဖြစ် ပေါ်လာ ပါက အလျင်အမြန်တုံ့ပြန်နိုင်ရေး နှင့် အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ရှာဖွေ ကယ် ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးသူနာ ပြုစုနည်းများ ၊ ကြိုးချည် နည်း စနစ်များ ၊ လူနာသယ်နည်းစနစ်များ ၊ အသက်ကယ်ဝတ်စုံ ဝတ်ဆင်နည်းများ ၊ စသည့်တို့ကို ကျောင်းသား/ သူများအား သရုပ်ပြသကာ လက်တွေ့ လုပ် ဆောင်စေခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။   

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင် မောင်ကြီး နှင့် ဝန်ထမ်းများ ၊မီးသတ် ဦးစီးဌာနမှ မြို့နယ် ဦးစီး မှူး ထွန်းရွှေခိုင် နှင့် တပ်ဖွဲ့ဝင် များ၊ နယ်စပ်ဒေသ တိုင်းရင်း သားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစစ်အောင်နှင့် ဆရာ၊ဆရာမများ ၊ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


သတင်း - သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)