မိုးမိတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးမိတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်



MNP - ဇွန်   ၂


၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဟူသော ဆောင်ပုဒ်နှင့်အညီ  ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ယနေ့စတင်၍ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


မိုးမိတ်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၉၅) ကျောင်းရှိကာ ယခုနှစ်တွင်  ဖွင့်လှစ်နိုင်သောကျောင်းမှာ အထက (၅)ကျောင်း၊ ထ(ခွဲ) ၆ ကျောင်း၊ အလယ်တန်း (၃) အလယ်တန်းခွဲ ( ၄)ကျောင်း၊ မူလွန် (၆)ကျောင်း၊ အမက (၄၄)ကျောင်း စုစုပေါင်း (၆၉) ကျောင်းရှိပြီး  ကျန်ရှိနေသော အလယ်တန်း (၁) အလယ်တန်းခွဲ (၁) ကျောင်း၊ မူလွန် (၄)ကျောင်း၊ အမက (၂၀)ကျောင်း စသည့် အခြေခံပညာကျောင်းပေါင်း (၂၆) ကျောင်းမှာ ယနေ့အထိ ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်းနှင့် KG တန်းမှစ၍ Grade 11 အထိ တက်ရောက်ပညာသင်ကြား နေသော ကျောင်းသား၊ကျောင်းသူဦးရေ စုစုပေါင်းမှာ (၉၁၄၆) ဦး တက်‌ရောက်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှသိရသည်။


သတင်း - စည်သူဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)