ကျောက်ကြီးမြို့နယ်အတွင်းရှိ အသက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ကြီးမြို့နယ်အတွင်းရှိ အသက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်



MNP - ဇွန်   ၂၄


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်း အစီအစဉ်ကို နိုင်ငံတော်ဘတ်ဂျတ်ရန်ပုံငွေမှ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေအား မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများက အိမ်တိုင်းရာရောက် လိုက်လံပေးအပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


ကျောက်ကြီးမြို့နယ်၌ မြို့ပေါ် (၇) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၄)အုပ်စုတွင် အသက်(၈၅)အထက် အဘိုး (၁၈၉)ဦး၊ အသက်(၈၅)အထက် အဘွား(၃၃၉)ဦး စုစုပေါင်း အဘိုးအဘွား(၅၂၈)ဦးရှိပြီး အဆိုပါ အသက်ကြီးဘိုးဘွားများအား ၂၀၂၁-၂၀၂၂ ခုနှစ် (ဧပြီလ၊ မေလ၊ ဇွန်လ) (ပထမ) (၃) လပတ်အတွက် လူမှုရေးပင်စင် အဘိုးအဘွား တစ်ဦးလျှင် တစ်လ (၃)သောင်းကျပ်နှုန်းဖြင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်မှူးများ၊ စာရေးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက အိမ်အရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)