မူဆယ်မြို့တွင် နိုင်ငံတကာအဆင့်မီ လူမှုကူညီရေးအသင်းများမှ ဖွင့်လှစ်သောသင်တန်းဆင်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်မြို့တွင် နိုင်ငံတကာအဆင့်မီ လူမှုကူညီရေးအသင်းများမှ ဖွင့်လှစ်သောသင်တန်းဆင်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနား ကျင်းပ



MNP - ဇွန်   ၂၄


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ မြို့တော်ခန်းမ၌ နိုင်ငံတကာအဆင့်မီ လူမှုကူညီရေးအသင်းများမှ ဖွင့်လှစ်သော သင်တန်းဆင်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွှန်းလွှဲ ၁:၃၀ နာရီအချိန်က ကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားတွင်  မူဆယ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးဦးသက်နိုင်က   အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလှထွန်းက သင်တန်းသူ/သားများအနေဖြင့် လူငယ်ပင်ဖြစ်သော်လည်း လူကြီးစိတ်မွေးထားရန်၊ အကောင်းအဆိုး အမှားအမှန်ခွဲခြား တတ်ရန်၊လူမှုကယ်ဆယ်ရေးလုပ်ငန်းသည် မြန်မာနိုင်ငံအတွက် ဘေးအန္တရာယ်ရုတ်တရက်ကျရောက်ပါက   အရေးပေါ် ကယ်ဆယ်ရေးလိုအပ်သည့် အရာတစ်ခုဖြစ်ကြောင်းတို့ကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး သင်တန်းဖြစ်မြောက်ရေးဥက္ကဋ္ဌ ဦးအောင်လှိုင်ဝင်းမှ ယခုလိုသင်တန်း ဖြစ်မြောက်အောင်မြင်ပြီးစီးရေးအတွက် အဘက်ဘက်မှ ကူညီပေးသောအလှူရှင်များကို အထူးကျေးဇူးတင်ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။


ယင်းနောက်    လူမှုကယ်ဆယ်ရေးသင်တန်းကာလတွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆု ရရှိသော အဖွဲ့ (၁၀)၊ (၁၂)၊ (၁၃) သင်တန်းသူ/သားများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ အသက်အကြီးဆုံးဇွဲဆုများ ဂုဏ်ပြုချီးမြှင့်ခြင်း၊ သင်တန်းကာလတစ်လျှောက်လုံးအချိန်ပေး ချက်ပြုတ် ကျွေးမွေးသောသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း၊ သင်တန်းကာလပြီးဆုံးသည့်ထိ အကောင်းဆုံးဆု ရရှိသောသူများအား ဂုဏ်ပြု ချီးမြှင့်ခြင်း၊ အဘက်ဘက်မှ သင်တန်းဖြစ်မြောက်ရေးအတွက် အလှူငွေလှူဒါန်းကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှထွန်းက ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး မူဆယ်ခရိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ အလုပ်အမှုဆောင်အဖွဲ့များအား မြို့မိမြို့ဖများထံအပ်နှံခြင်းကို ပြုလုပ်အပ်နှံခဲ့ကြသည်။


ယင်းနောက် သွေးချင်းညီနောင်လူမှုကူညီရေးအသင်းအဖွဲ့ဥက္ကဋ္ဌ ဦးမန်းမျိုးမြင့်က လူမှုကယ်ဆယ်ရေးအတွက် အလှူငွေရရှိသော ငွေစာရင်း ရှင်းတမ်းဖတ်ကြားခဲ့ရာ စုစုပေါင်းအလှူငွေ (၁၈၅)သိန်းငါးသောင်းတိတိရရှိကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါ သင်တန်းဆင်းပွဲကို မူဆယ်ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုကယ်ဆယ်ရေးကော်မတီမှ နာယကများနှင့် လူမှုကယ်ဆယ်ရေး ပရဟိတ အသင်းသားများ၊  သင်တန်းသား/သူ စုစုပေါင်း(၁၁၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ဇင်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)