တပ်ကုန်းကုတင်(၁၀၀)ပြည်သူ့ဆေးရုံဝန်းအတွင်း အရိပ်ရသစ်ပင်များ ပျော်ရွှင်စွာစိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းကုတင်(၁၀၀)ပြည်သူ့ဆေးရုံဝန်းအတွင်း အရိပ်ရသစ်ပင်များ ပျော်ရွှင်စွာစိုက်ပျိုး




MNP - ဇွန်  ၂၆


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြီးကြပ်ပြီး၊ မြို့နယ်သစ်တောဦးစီးဌာနနှင့်ကုတင်(၁၀၀)ပြည်သူ့ဆေးရုံအုပ်တို့၏စီစဉ်မှုဖြင့် အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုးပွဲကို ယမန်‌နေ့နံနက်၉နာရီက ဆေးရုံဝန်းအတွင်း သတ်မှတ်နေရာတွင် ပျော်ရွှင်စွာစိုက်ပျိုးပေးခဲ့သည်။


အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင်  ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူးက အရိပ်ရသစ်ပင်ပျိုးပင်များပေးအပ်ခဲ့ပြီးနောက် ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ကုတင်(၁၀၀) ပြည်သူ့ဆေးရုံမှ ဆရာ၊ဆရာမများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့မ(၆)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများက ကျွန်း၊ ပိတောက်၊ မယ်ဇလီ၊ ပန်းမယ်ဇလီ၊ စားကုက္ကို၊ ယင်းမာနှင့်အခြား ပျိုးပင်စုစုပေါင်း(၃၀၀) တို့ကို စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။


သတင်း - တင်စိုးလွင်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)