ကြက်သွန်နီဈေးများ တရိပ်ရိပ်မြင့်တက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြက်သွန်နီဈေးများ တရိပ်ရိပ်မြင့်တက်



MNP - မေ   ၁၉


မန္တလေးမြို့တွင် စားသောက်ကုန်တစ်ခုဖြစ်သည့် ကြက်သွန်နီဈေးမှာယခင်လ ၁ ပိဿာကျပ် တစ်ထောင်ကျော်မှ ယခုလအတွင်း ၁ ပိသာ ကျပ်နှစ်ထောင်ကျော်အထိ ကုန်းဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။


"ကြက်သွန်နီဈေးတွေက တစ်ရက်နဲ့တစ်ရက် မြင့်တက်နေတာပါ။ ပွဲရုံဈေးကရှယ်အလုံးကြီး အချောဆိုရင်ကျပ်နှစ်ထောင်ဝန်း ကျင်ခန့်၊ ခါးကြီးစဆိုရင် ကျပ်တစ်ထောင့်ကိုးရာဝန်းကျင်ခန့်၊ လက်သန့်ရှယ်ဆိုရင်ကျပ်တစ်ထောင့်ရှစ်ရာခန့်၊ အလတ်အကြီးဆိုရင်ကျပ်တစ်ထောင့်ခုနှစ်ရာခန့်ပေါက်နေပေမဲ့ သယ်ယူစရိတ်၊အလုပ်သမားခနဲ့ တစ်ဆင့်ပြန်လည်ရောင်းချသူတွေအနေနဲ့ တစ်ပိသာကျပ်နှစ်ထောင့်လေးရာ၊ နှစ်ထောင့်ငါးရာအထိရောင်းချမှ အဆင်ပြေတာပါ"ဟု ဘုရားကြီးဈေး ကြက်သွန်ဆိုင်ပိုင်ရှင်တစ်ဦးကပြောပါသည်။


ကြက်သွန်များကို အလုံး၊အရွယ်ဆိုဒ်ပေါ်မူတည်၍ အနီနှင့်အဝါအရောင်အလိုက် ဈေးနှုန်းခွဲခြားသတ်မှတ်မှုများရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)