တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည် မြှင့်တင်ရေး(ဆင့်ပွား) သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည် မြှင့်တင်ရေး(ဆင့်ပွား) သင်တန်းဆင်းပွဲ ကျင်းပ




MNP - ဇွန်   ၁၇


သံတွဲခရိုင် ရဲတပ်ဖွဲ့နှင့် သံတွဲခရိုင် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည် မြှင့်တင်ရေး (ဆင့်ပွား) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် သံတွဲခရိုင် (ခေတ္တ)ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့်က သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းတင့်က သင်တန်းတွင် သင်ကြားပို့ချပေးခဲ့သော သင်ခန်းစာ၊ အမိန့်၊ ညွှန်ကြားချက်များအညီ ဆောင်ရွက်ကြရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။


ဆက်လက်၍ သင်တန်းဆင်း လက်မှတ်များကို သံတွဲခရိုင် (ခေတ္တ)ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့်နှင့် ခရိုင်သစ်တော ဦးစီးဌာန၊  လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းတင့်တို့က ပေးအပ်ခဲ့ကြသည်။


အဆိုပါ သင်တန်းသို့ သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ သင်တန်းသား (၂၂)ဦး တက်ရောက်ကြပြီး စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအကြောင်း သိကောင်းစရာများ၊ လုံခြုံရေး အခြေခံ သဘောတရားများ၊ အကောက်ခွန်ဦးစီးဌာန၏ မူဝါဒ၊ ဖွဲ့စည်းပုံနှင့် တာဝန်၊ တားဆီး ဖမ်းဆီးစစ်ဆေးခြင်း၊ အမြဲတမ်းစစ်ဆေးရေး စခန်းများနှင့် OSS များ၌ စစ်ဆေးမှုလုပ်ငန်းစဉ်များ၊ ကုန်သွယ်ရေး ဆိုင်ရာဥပဒေ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများ၊ တင်းသွင်း/ တင်ပို့ဆိုင်ရာ လုပ်ငန်းစဉ်များ၊ ပို့ကုန်လိုင်စင် လျှောက်ထားခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့် အခြားတရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးနှင့် ပတ်သက်သည့် သင်ခန်းစာများကို ဒုရဲမှူးအောင်ကျော်မိုးနှင့် မြို့နယ်သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဝင်းအောင်တို့က ဇွန် ၇ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)