မဘိမ်းမြို့၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဘိမ်းမြို့၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး

 


MNP - ဇွန်  ၂၉


ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရော ဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မဘိမ်းမြို့၊ အခြေခံ ပညာအထက်တန်းကျောင်း၊ မြသီတာခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။  


အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းမပြုမီ ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများက စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများကို ဦးစွာဆောင်ရွက်ပေးခဲ့ကြပြီး ပုံမှန်အနေအထားရှိမှသာ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးခဲ့ကြသည်။


အဆိုပါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာသို့ မြို့နယ်ပညာရေးဌာနမှ ဆရာဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကျောင်းသားမိဘများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြပြီး  မဘိမ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၂၂)ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sionpharm)ကို ပထမအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မျိုးမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)