နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ နွေရာသီ (အခမဲ့)ကွန်ပျူတာသင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ နွေရာသီ (အခမဲ့)ကွန်ပျူတာသင်တန်းဆင်းပွဲကျင်းပ

 


MNP - ဇွန်   ၁၉


ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ နွေရာသီ (အခမဲ့) ကွန်ပျူတာသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က သဖန်းကိုင်းပရဟိတအကယ်ဒမီဝိပဿနာဓမ္မရိပ်သာဓမ္မဗိမာန်တော်အတွင်း ကျင်းပခဲ့ကြောင်းသိရသည်။


အဆိုပါသင်တန်းကို သဖန်းကိုင်းပရဟိတဆရာတော် သမ္ဓမ္မဇောတိကဓဇ ဒေါက်တာပညာလင်္ကာရ၏ ဦးဆောင်စီစဉ်မှုဖြင့် ၂၀၂၂ ခုနှစ် ဧပြီလ ၂၁ မှ ဇွန်လ ၁၈ ရက်နေ့ထိ ၂ လတာ ဖွင့်လှစ်ခဲ့ပြီးသင်တန်းဆင်းပွဲတွင် သဖန်းကိုင်းပရဟိတဆရာတော်မှ ဆုံးမသြဝါဒစကား ပြောကြားခဲ့သည်။


သင်တန်းဆင်းပွဲသို့ သင်တန်းသား၊ သင်တန်းသူ (၁၀၀)ဦး၊ အလှူရှင်များ၊ သင်တန်းသား/ သူများ၏မိဘများတက်ရောက်ခဲ့ကြပြီး ဆရာတော်မှ သင်တန်းဆင်းလက်မှတ်များပေးအပ်ချီး မြှင့်ခဲ့ရာ သင်တန်းသား/သူများက လက်ခံရယူခဲ့ကြသည်။ သင်တန်းကာလအတွင်းဆရာတော်မှ ရပ်ဝေးမှလာရောက်သည့် သင်တန်းသား၊ သင်တန်းသူများအား နေရေးထိုင်ရေး၊ စားသောက်ရေးကိစ္စများကိုပါ စီစဉ်ဆောင်ရွက်ထားရှိပေးခဲ့ကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။


သတင်း - ထွေးငယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)