MNP ၊ ဇွန် ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း၂ဝ၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကိုယနေ့နံနက် ၁၁ နာရီ က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ ရှေးဦးစွာအမှတ်(၃)အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသား/သူများ က “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဂုဏ်ပြုကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က နိုင်ငံတော်အစိုးရက မြန်မာနိုင်ငံတော်ကြီးကိုဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအဖြစ်ပေါ်ပေါက်လာရန်အတွက်ဘက်စုံ၊ ကဏ္ဍစုံမှ ပြည်သူလူထုဗဟိုပြု၊ ပြည်သူ့အကျိုးပြု လုပ်ငန်း စဉ်များကို ပြည်သူနှင့်အတူစုပေါင်းအင်အားဖြင့်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိပညာ သင် နှစ်တွင်လည်း နိုင်ငံတော်အစိုးရအနေဖြင့် Grade-11 သင်ရိုးဟောင်းကျောင်းသား / ကျောင်းသူများကို အခြေခံပညာ ကျောင်းများတွင် ကျောင်းအပ်လက်ခံပြီးပညာသင်ကြားခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခမ်းအနားသို့တက်ရောက် လာကြသူများက တစ်ဆင့်စကားတစ်ဆင့်နားကြားရလေအောင် အသိပေးဆောင်ရွက်ပေးစေလိုကြောင်း၊ ယခုနှစ်ထူးချွန်မှု ရလဒ် များအနေဖြင့်တိုင်းဒေသကြီးအတွင်း(၆)ဘာသာဂုဏ်ထူးရရှိသူ(၂)ဦး၊ (၅)ဘာသာ ဂုဏ်ထူးရရှိသူ(၁၂)ဦး၊ (၄)ဘာသာ ဂုဏ်ထူးရရှိသူ(၁၉)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ (၃၇)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ (၉၃)ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ (၆၄၄)ဦး၊ စုစုပေါင်း(၈၀၇)ဦးရရှိခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်း ထူးချွန်အောင်မြင်ခဲ့သူများအနက် သရက်ချောင်း မြို့နယ်၊ အထက-သရက်ချောင်းမှ (၆)ဘာသာဂုဏ်ထူးရှင်မအိမြတ်ဖူးက ရမှတ်အများဆုံးဖြစ်နေသည်ကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှထုတ်ပြန်ချက်အရတွေ့ရှိရပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်တက္ကသိုလ်ဝင်စာမေးပွဲမှာ ထူးချွန်ကြသော ကျောင်းသား၊ ကျောင်းသူများကိုထိုက်ထိုက်တန်တန်ဂုဏ်ပြုချင်သောကြောင့်ယခုလိုအခမ်းအနား ကျင်းပ ခြင်းဖြစ် ကြောင်းပြောကြားသည်။
ထိုနောက်တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းနောင် က တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှုအခြေအနေများ နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က ထားဝယ်ခရိုင်အတွင်း ၂ဝ၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်(၆)ဘာသာဂုဏ်ထူး ရရှိသူမအိမြတ်ဖူး၊ (၅)ဘာသာဂုဏ်ထူးရရှိသူမဆုမြတ်ကျော် နှင့်မနန္ဒာ လင်းအား ဂုဏ်ပြုဆုချီးမြှင့်သည်။
ဆက်လက်၍တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေးနှင့်တာဝန်ရှိသူများ က ထားဝယ်ခရိုင် အတွင်း၂ဝ၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်(၄)ဘာသာဂုဏ်ထူး ရရှိသူ(၃)ဦး၊ (၃)ဘာသာ(၃)ဦး၊ (၂)ဘာသာ(၁၂)ဦး ၊(၁)ဘာသာ(၁၁၇)ဦးနှင့်ရိုးရိုးအောင်မြင်သူ(၂၄၉)ဦးအားဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး ဆုရ ကျောင်းသား /ကျောင်းသူများကိုယ်စား(၆)ဘာသာဂုဏ်ထူးရှင်မအိမြတ်ဖူးက ကျေးဇူးတင်စကားပြောကြားကာ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသား/သူများ က“ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့”သီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြသည်၊
(၆)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သော မအိမြတ်ဖူးအားတိုင်းဒေသကြီးအစိုးရအဖွဲ့ကငွေကျပ်(၂၀၀၀၀၀)၊ လူမှုရေးရာ ဝန်ကြီးဦးယဉ်ထွေးကငွေကျပ် (၁၀၀၀၀၀)၊.တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနက ငွေကျပ်(၁၀၀၀၀၀)၊ တိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူးမှ ငွေကျပ် (၁၀၀၀၀၀)စုစုပေါင်း ငွေကျပ်(၅၀၀၀၀၀)ချီးမြှင့်ပေးအပ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ကထားဝယ်ခရိုင်အတွင်း ၂၀၂၂ ခုနှစ်၊တက္ကသိုလ်ဝင်တန်းတွင်အောင်မြင်သော ကျောင်းသား /ကျောင်းသူများ အားဂုဏ်ပြုဆုချီးမြှင့်ငွေကျပ် (၅၃၆၀၀၀၀) အပါအဝင် တိုင်းဒေသကြီးအတွင်းစုစုပေါင်းချီးမြှင့်ငွေကျပ် (၃၂၇၁၀၀၀၀) ဖြစ်ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment