သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး လက်ကမ်းစာစောင်ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး လက်ကမ်းစာစောင်ဖြန့်ဝေ

 




MNP - ဇွန်   ၅


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ဆေးရုံလမ်းနှင့် မြို့မဈေးကြီးအတွင်း၌ သွေးလွန်တုပ် ကွေးကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်ခန့်ကကျင်းပပြုလုပ်ခဲ့သည်။


ကျောင်းကုန်းမြို့နယ်အတွင်း မိုးဦးရာသီတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ(၂၇)ဦး ရှိပြီဖြစ်ရာ ဆက်လက်ကူးစက် မပျံ့ပွားစေရေးနှင့်ခြင်များမပေါက်ဖွားနိုင်စေရန် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ကျန်းမာရေးနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များက အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းနှင့်ကိုယ်ပိုင်ကျောင်းများသို့ လိုက်လံ၍ ခြင်ဆေးဖျန်းပေးခဲ့ကြသည်။


"သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး" ဆောင်ပုဒ်ဖြင့် "ခြင်ကျားလောက်လမ်းကင်းစင်ဖို့တို့ ကျောင်းသားတွေပါဝင်စို့"စာသားကို အသိပညာပေး လက်ကမ်းစာစောင်များ၌ ထည့်သွင်းကာ  ကျန်းမာရေးဌာနကတိုက် တွန်းနှိုးဆော်ထားကြကြောင်း သိရသည်။


အဆိုပါ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များကပြည်သူများအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)