ကျုံပျော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် အခြေခံကွန်ပျူတာ (အခမဲ့)သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျုံပျော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် အခြေခံကွန်ပျူတာ (အခမဲ့)သင်တန်းဆင်းပွဲကျင်းပ

 


MNP - ဇွန်   ၁


ပြည်သူများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံ‌ပျော်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ဖွင့်လှစ်ခဲ့သည့် အခြေခံကွန်ပျူတာ (အခမဲ့)သင်တန်းဆင်းပွဲ အခမ်းအနားကို အဆိုပါရုံးသင်တန်း ခန်းမ၌ ဇွန် ၁ ရက် နံနက် ၉ နာရီခွဲ အချိန်က ပြုလုပ်သည်။


သင်တန်းဆင်းပွဲသို့ ပုသိမ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနှင့်  ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းဆရာနှင့် သင်တန်းသူ သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး၊ ခရိုင်ဦးစီးမှူးက သင်တန်းဆင်းအမှာစကားပြောကြားကာ သင်တန်းဆရာအား ဂုဏ်ပြုလက်ဆောင်ပေးအပ် ချီးမြှင့်ခဲ့သည်။


ထို့နောက် တာဝန်ရှိသူများက သင်တန်းသားများထံသို့ သင်တန်းဆင်းလက်မှတ်ပေးအပ်ပြီး၊ ဆုရရှိသော သင်တန်းသူ မတင်တင်ဝေ ထံသို့ သင်တန်းထူးချွန်ဆုအား ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား၊သင်တန်းသူ(၃၀)ဦး တက်ရောက်ခဲ့ပြီး၊ (၃.၅.၂၀၂၂) ရက်‌နေ့မှ (၁.၆.၂၀၂၂) ရက်နေ့အထိ အခြေခံကွန်ပျူတာ ပညာရပ်များအား စာတွေ့လက်တွေ့  သင်ကြား‌ပေးခဲ့ကြောင်း သိရသည်။


အဆိုပါဌာန အနေဖြင့် ကျေးလက်နေပြည်သူများ စွမ်းဆောင်ရည်မြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း သင်တန်းများစွာကို အခါအားလျှော်စွာ ဖွင့်လှစ်သင်ကြား ပေးလျှက်ရှိကြောင်း သိရသည်။


‌သတင်း - လပြည့်ဦး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)