MNP - ဇွန် ၁၈
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် သစ်တော သစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပျက်တည့်တံ့ရေး၊ သက်ရှိလူသားများရဲ့ ပတ်ဝန်းကျင် တည့်တံ့ကောင်းမွန်ရေး၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းကြောင့် ဒေသစိမ်းလန်း စိုပြေရေးကို အထောက်အကူပြုသလို သာယာလှပပြီး ရာသီဥတုကောင်းမွန်မှုကို တစ်ဖက် တစ်လမ်းမှ ကာကွယ်ပေးနိုင်ရေးတို့ကို ရည်ရွယ်လျက် ၂၀၂၂ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက မိုင်းယောင်း-မိုင်းယုကား လမ်းမဘေး၊ အမှတ် (၁၀၀၈) နယ်ခြားစောင့်တပ်ရင်းရှေ့တွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ရှေးဦးစွာ မြို့သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်ကျော်စိုးက အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင် များထံ ကျွန်း၊ ပိတောက်၊ မန်းကျန်းရှား၊ ပိန္နဲနှင့် ထောပတ်ပင်းစသည့် ပျိုးပင်ပေါင်း (၂၂၀)ပင်တို့ကိုပေးအပ်ပြီး ၂၀၂၂ခုနှစ်၏ ပထမအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး ပွဲတော်အား စုပေါင်းကျင်းပစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သတင်း - ကိုကိုနိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment