၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ် လက်ရွေးစင်အသင်းအားအောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ် လက်ရွေးစင်အသင်းအားအောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်



MNP - ဇွန်   ၃၀


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ပြည်ထောင်စုအားကစားကွင်း၊ မိုးလုံလေလုံအားကစားရုံ၌ ယနေ့ နံနက်(၁၀)နာရီအချိန်က ၂၀၂၂ခုနှစ်ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ် လက်ရွေးစင်အသင်းအားအောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့သည်။


အောင်နိုင်‌ရေးအလံပေးအပ်ပွဲ အခမ်းအနား၌ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် နိုင်နိုင်ဦးက လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး အောင်နိုင်ရေးအလံအား ပြိုင်ပွဲအသင်းအုပ်ချုပ်သူနှင့် အားကစားသမားများ ထံပေးအပ်ခဲ့ပြီးနောက် ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းအုပ်ချုပ်သူ ဦးစိုင်းသိန်းထွန်းက ပြိုင်ပွဲကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ရှမ်းပြည်နယ် ပိုက်ကျော်ခြင်းအသင်း အောင်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သောငွေကျပ်(၃၀)သိန်းအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ခွဲ(ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်တို့ကပေးအပ်ခဲ့ရာ အသင်းနည်းပြနှင့် အားကစားသမားများက လက်ခံရယူခဲ့ကြသည်။


ပြည်နယ်နှင့်တိုင်းဒေသကြီးပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ရှမ်းပြည်နယ်ကိုယ်စားပြု အမျိုးသားအသင်း (၁၅)ဦး၊ အမျိုးသမီးအသင်း(၇)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲယှဉ်ပြိုင်မည့် နေပြည်တော်သို့ ဇူလိုင်လ(၂)ရက်နေ့တွင် ထွက်ခွာကြမည်ဖြစ်သည်။ အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်လုပ်ငန်းရှင်များ၊ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။


၂၀၂၂ခုနှစ်ပြည်နယ်နှင့် တိုင်းဒေသကြီးပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇူလိုင်လ(၅)ရက်နေ့မှဇူလိုင်လ (၁၇)ရက်နေ့အထိ နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။


သတင်း - ဟန်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)