ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား ကျင်းပ





MNP - ဇွန်   ၆


၂၀၂၂ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက သံတွဲခရိုင် လူထုအခြေပြုဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အမှာစကားပြောကြားရာတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့သည် ကမ္ဘာ့ကုလသမဂ္ဂ၏ အရေးပါသည့် နေ့တစ်နေ့ ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံမှာလည်းပဲ  နှစ်စဉ်ကျင်းပခြင်းဖြစ်ပြီး ဆွီဒင်နိုင်ငံ စတော့ဟုန်းမြို့တွင် ကမ္ဘာ့ပထမဆုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးညီလာခံအဖြစ် လူသားပတ်ဝန်းကျင်ညီလာခံကို ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့သည်။ အဆိုပါညီလာခံကျင်းပသည့် ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) သတ်မှတ်ခဲ့ခြင်းဖြစ်‌ကြောင်း၊ ယခုနှစ် ဆောင်ပုဒ်ဖြစ်သည့်  “Only One Earth” “တစ်ခုတည်းသောကမ္ဘာမြေ” ဟုဆိုသည့်အတိုင်း ကမ္ဘာပေါ်ရှိလူသားများအပါအဝင် သက်ရှိသတ္တဝါအားလုံးနှင့် အနာဂတ်မျိုးဆက်သစ်များ ကျန်းမာပျော်ရွှင်စွာရှင်သန်နိုင်ရေးအတွက် သာယာလှပသော၊ သန့်ရှင်းသော၊ ကောင်းမွန်သော အဖိုးထိုက်တန်သော ကမ္ဘာမြေကြီးကို သဘာဝနှင့် ဟန်ချက်ညီစွာ နေထိုင်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို လုပ်ဆောင်ကြပါစို့ဟု တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်မှပေးပို့သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သဝဏ်လွှာ Video Meassge  အားပြသပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)